Breaking News

ဆောင်းရာသီးမှာ အဖြစ်များတဲ့ ခြေဖနောင့်အသားမာအက်ကွဲမှု ကုသနည်းများ



ခြေထောက်အသားမာဆိုတာ အင်မတန်နာကျင်ကိုက်ခဲပြီး လမ်းလျှောက်ဖို့၊ မတ်တပ်ရပ်ဖို့ ဒါမှမဟုတ် ရှူးဖိနပ်စီးဖို့တောင် ခက်ခဲစေပါတယ်။ ခြေဖနှောင့်မှာ အများဆုံးဖြစ်ပွားပါတယ်။ ထပ်တလဲလဲမဖြစ်ပွားအောင် စနစ်တကျ ဖယ်ရှားဖို့ လိုအပ်ပါတယ်။

ခြေထောက်ပေါ်က အသားမာတွေ ရှင်းလင်းဖို့ အကောင်းဆုံးဆေးနည်းတွေက…

၁။ ကြက်သွန်နီကို သေချာလှီးပြီး ပန်းသီးရှာလကာရည်ထဲ ၃-၄ နာရီလောက် စိမ်ထားပေးရပါမယ်။ ညမအိပ်ခင် အဲဒီကြက်သွန်နီကို အနာဖြစ်တဲ့နေရာမှာ တိုက်ရိုက်အုပ်ပြီး ပတ်တီးနဲ့ စီးထားပေးပါ။ အပေါ်ကနေ ခြေအိပ်ဟောင်းလေးတစ်ခု စွတ်ပေးထားရပါမယ်။

နောက်နေ့မနက် ဆားလက်တစ်ဆုပ်စာ၊ မုန့်ဖုတ်ဆော်ဒါနဲ့ salicylic acid ထည့်ထားတဲ့ ရေနွေးထဲ ခြေထောက်ကို ၂၀-၃၀ မိနစ် စိမ်ပေးပါ။ ပြီးတော့ ခြေထောက်တွေ ပွတ်တိုက်ပေးရပါမယ်။

၂။ အသားမာတွေကို သံလွင်ဆီဖြင့် ပွတ်တိုက်ပေးပါ။ မုန်လာဥနဲ့ ဒန့်သလွန် ဆတူရောကြိတ်၊ အနာပေါ်အုပ်ပြီး ပတ်တီး စီးရပါမယ်။ ထွက်မကျအောင် ခြေအိတ်လေးစွတ်ပေးပါ။ ဒီနည်းအတိုင်း မနက်တစ်ခါ၊ ညတစ်ခါ လုပ်ပေးရပါမယ်။

၃။ သံပုယိုသီးကို အရည်ညှစ်ထုတ်ပြီး ကော်ဖီမုန့်အနည်းငယ်နဲ့ ရောစပ်ပါ။ ရလာတဲ့ အရောအနှောကို အသားမာပေါ် တိုက်ရိုက်လိမ်းပေးရပါမယ်။ ပတ်တီးစီးပြီး ခြေအိတ်စွတ်ပေးပါ။ ဒီနည်းအတိုင်း ရက်အနည်းငယ်ကြာ ညတိုင်း လုပ်ပေးပါ။ မကြာခင် အဆင်ပြေသွားပါလိ့မ်မယ်။


Credit :Trend Myanmar