စက်ဘီးနဲ့ စားစရာတွေလိုက်ပို့ရတဲ့အလုပ် လုပ်နေတဲ့ မက်ဒေါနားသား ရော့ကို



မက်ဒေါနားရဲ့သား ရော့ကိုရစ်ချီဟာ ဆေးခြောက်တွေ လက်ဝယ်တွေ့ရှိမှုနဲ့ အဖမ်းခံခဲ့ရတဲ့အတွက် ပြီးခဲ့တဲ့လက ပြဿနာတွေ ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ အခုတော့ ရော့ကိုတစ်ယောက် လိမ္မာနေတာကို မြင်တွေ့ရပါတယ်။
ရော့ကိုတစ်ယောက် ဥပဒေနဲ့ ဆန့်ကျင်တဲ့လုပ်ရပ်တွေ လုပ်ခဲ့ပြီးတဲ့နောက် မက်ဒေါနားဟာ သားဖြစ်သူကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်လိုက်တယ်လို့ သိရပါတယ်။

ရော့ကိုတစ်ယောက် ရွေးချယ်စရာတွေကို စသ်းစားပြီးတော့ အခု လန်ဒန်မြို့မှာ စက်ဘီးတစ်စီးနဲ့ စားစရာတွေ လိုက်ပို့ကာ အပိုဝင်ငွေ ရှာနေပါပြီ။
"သူ့အတွက် ရယ်စရာပါ။ သူလုပ်ချင်တဲ့အရာကို မသိရသေးခင်မှာ အဖေနဲ့အမေကို နှစ်သက်တဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်" လို့ သတင်းပေးတစ်ဦက ပြောပါတယ်။

"ရော့ကိုက စည်းကမ်းနည်းနည်းပျက်နေပြီဆိုတာ သူတို့နှစ်ယောက်စလုံးသိတယ်။ သူ့အတွက်ကောင်းမယ့် အစီအစဉ်တစ်ခုဆွဲတယ်။ လုပ်အားပေးလုပ်မလား ဒါမှမဟုတ် လစာနည်းနည်းပဲရတဲ့ အလုပ်တစ်ခုလုပ်မလားပေါ့" လို့ ထိုသူကပြောခဲ့ပါတယ်။
ဒါကြောင့် ရော့ကိုဟာ Deliveroo မှာ စက်ဘီးသမားအဖြစ် အလုပ်လုပ်နေတာ ဖြစ်ပါတယ်။

Source & Photos : the Sun


Share on Google Plus

About Myanmar Magazine Onilne