ပြိုင်ဘက်အသင်းရဲ့ ဘောလုံးကောက်လူငယ်တစ်သိုက်နဲ့ ဆယ်လ်ဖီဆွဲခဲ့တဲ့ ဆန်းချက်ဇ်

play

ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မှာ ၁၄ မိနစ်အတွင်း ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ အာဆင်နယ်ကစားသမားဆန်းချက်ဇ်ဟာ ပြိုင်ဘက်အသင်းရဲ့ ဘောကောက်လူငယ်လေးတစ်သိုက်နဲ့ ဆယ်လ်ဖီအတူ ရိုက်ကူးပေးခဲ့ကြောင်း သိရပါတယ်။
play

ပွဲချိန် မိနစ် ၉၀ ပြည့်ပြီးနောက် အာဆင်နယ်အသင်းက အဝတ်လဲခန်းရှိရာ ပြန်တော့မယ့်အချိန်မှာ ဆန်းချက်ဇ်က အချိန်ပေးပြီး ဓာတ်ပုံအတူ ရိုက်ခဲ့တာဖြစ်ပါတယ်။ ဥမင်လှိုဏ်ခေါင်းအတွင်း သွားတော့မယ့် ဆန်းချက်ဇ်ဟာ ပထမမှာတော့ ဝက်စ်ဟမ်းအသင်းအတွက် ကွင်းဘေးမှာ ဘောလုံးကောက်ပေးဖို့ ရှိနေခဲ့တဲ့ အဆိုပါလူငယ်လးတွေကို လျစ်လျူရှုခဲ့ပါသေးတယ်။ ဒါပေမဲ့ စိတ်ပြောင်းသွားတဲ့ ဆန်းချက်ဇ်ဟာ အဆိုပါ လူငယ်လေးတစ်သိုက်ကို ကြင်ကြင်နာနာ ဆက်ဆံပြီး စိတ်ရှည်လက်ရှည်နဲ့ အမှတ်တရ ဓာတ်ပုံရိုက်ကူးပေးခဲ့ပါတယ်။
play
အဆိုပါပွဲစဉ်မှာ အာဆင်နယ်အသင်းက ဆန်းချက်ဇ်ရဲ့ ဟက်ထရစ်ဂိုးအပါအဝင် အိုဇေး၊ ချိန်ဘာလိန်တို့ရဲ့ဂိုးတွေနဲ့ ဝက်စ်ဟမ်းကို ၁-၅ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ပြိုင်ဘက်အသင်းရဲ့ ဘောလုံးသမားဖြစ်ပေမဲ့ အဆိုပါလူငယ်တွေကလည်း ပျော်ပျော်ရွှင်ရွှင်ပဲ ဆန်းချက်ဇ်နဲ့ ဓာတ်ပုံရိုက်ကူးခဲ့ကြတာဖြစ်ပါတယ်။
Source : Mirror  Credit :Trend Myanmar  
Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.