ဂရိတ်ဖရုသီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

play

ကိုယ်နှစ်သက်တဲ့ အစားအစာတွေကို စားရင်းနဲ့ ကိုယ်မလိုချင်တဲ့ ရောဂါတွေ ရလာနိုင်တဲ့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားသုံးပေးရပါမယ်။ ဂရိတ်ဖရုသီးဟာ အရသာက ချဉ်ခါးခါးရှိတာကြောင့် မစားချင်ဘူးဆိုရင်တော့ သူ့ရဲ့ကောင်းကျိုးတွေကို ဖတ်ကြည့်လိုက်ပါဦး။
၁။ ကိုယ်ခံအား
play

ဗီတာမင် စီ ကြွယ်ဝစွာ ပါဝင်နေလို့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။ အထူးသဖြင့် သာမာန် အအေးမိတာလောက်ကတော့ အလွယ်တကူ ပျောက်ကင်းနိုင်ပါတယ်။
၂။ ကျောက်ကပ်ကိုကာကွယ်
ခန္ဓာကိုယ်ထဲမှာ ကယ်လဆီယံဓာတ်တွေ များလာရင် ကျောက်ကပ်ထဲမှာ ခဲသွားပြီး ကျောက်တည်နိုင်ပါတယ်။ ဂရိတ်ဖရုဖျော်ရည်ကို မှန်မှန်သောက်ပေးရင်တော့ ဒီလိုပြဿနာတွေကနေ ကင်းဝေးမှာပါ။
၃။ အဆီတွေလောင်ကျွမ်းနိုင်
play

ခန္ဓာကိုယ်ထဲက အဆီတွေကို ဂရိတ်ဖရုက လောင်ကျွမ်းပေးစေနိုင်တယ်ဆိုတာ သိပ္ပံပညာရှင်တွေက အတည်ပြုပြီးပါပြီ။ ဂရိတ်ဖရုသီးဖျော်ရည်ကို အစားမစားခင်မှာ တစ်ဖန်ခွက် (သို့မဟုတ်) ဖန်ခွက်တစ်ဝက်စာ နေ့စဉ်သောက်ပေးရုံနဲ့ ၁၂ ပတ်အတွင်း လေးပေါင်အထက် ဝိတ်ကျသွားပါလိမ့်မယ်။
၎။ အသည်းသန့်ရှင်း
အသည်းဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနေရလို့ အတော်ကို အလုပ်များပါတယ်။ သူ့မှာလည်း အဆိပ်အတောက်တွေ ကပ်ငြိနေတာကြောင့် သန့်ရှင်းတဲ့ အသည်း ဖြစ်နေဖို့ အရေးကြီးပါတယ်။ ဂရိတ်ဖရုရဲ့ ကောင်းကျိုးတွေထဲမှာ အသည်းကို သန့်ရှင်းပေးနိုင်တာလည်း ပါဝင်ပါတယ်။
၅။ သွေးဖိအား မှန်စေ
play

သွေးတိုးရှိသူတွေကတော့ လက်စွဲသာ ဆောင်ထားသင့်ပါပြီ။ ဂရိတ်ဖရုသီးက သွေးဖိအားကို ပုံမှန်ဖြစ်စေနိုင်တာကြောင့် သွေးတိုးရောဂါကို သက်သာလျော့ပါးစေမှာ အမှန်ပါပဲ။
Source : Healthier Credit :duwun



Share on Google Plus

About Myanmar Magazine