Breaking News

စားသောက်ဆိုင်မှာ ရေနွေးတစ်ခွက် အမြဲတမ်း တောင်းဆိုသင့်တဲ့ အကြောင်းအရင်း



စားသောက်ဆိုင်မှာ ထွက်စားတာ ပျော်ရွှင်ဖွယ်အချိန်လေးတစ်ခု ပါပဲ။ အပြင်ထွက်စားတဲ့အခါ ကိုယ်ရွေးချယ်သွားရောက်တဲ့ စားသောက်ဆိုင်ဟာ အစွမ်းကုန်သန့်စင်ထားတယ် ကျွန်ုပ်တို့ မျှော်လင့်နေမိကြလိမ့်မယ်။ တခါတလေ ပြသနာက အဲဒါထက် ပိုများနေတတ်ပါတယ်။ ဒါကြောင့် ရေနွေးတစ်ခွက် အမြဲတမ်း တောင်းဖို့ လိုအပ်တဲ့ အကြောင်းရင်း ဖြစ်ပါတယ်။

ရေနွေးက ဘက်တီးရီးယားပိုးမွှားအမျိုးမျိုး နိမ်နင်းနိုင်ပြီး ငွေထည်ပစ္စည်းတွေ သန့်စင်ခြင်းစသဖြင့် ရည်ရွယ်ချက်များစွာအတွက် အလွန်အသုံးတည့်ပါတယ်။ အိုဟိုင်းအိုးတက္ကသိုလ်မှာ ပြုလုပ်တဲ့ လေ့လာမှုတစ်ခုက ၇၅.၂ ဒီဂရီ လောက်ရှိတဲ့ ရေအပူချိန်က E. Coli နဲ့ အဆိပ်အတောက်၊ ရောဂါပိုးမွှားတွေကြောင့် ညစ်ညမ်းပြီး မသန့်ရှင်းတဲ့ အိုးခွက်ပန်းကန်ကနေ ဖြစ်လာတတ်တဲ့ Listeria (အစာအဆိပ်ဖြစ်စေသော ပိုးတစ်မျိုး) တွေ နိမ်နင်းဖယ်ရှားရာမှာလည်း တကယ်ထိရောက်တယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။

သင်ဟာ ပန်းကန်တွေ သန့်ရဲ့လား သံသယရှိတယ်ဆိုရင် ဒါမှမဟုတ် ရောဂါပိုးကြောက်ရွံ့မှုလွန်ကဲသူတစ်ဦးဆိုရင် စားပွဲထိုးဆီ ရေနွေးတစ်ခွက် မဖြစ်မနေ တောင်းပြီး ထမင်းမစားခင် ဇွန်း၊ ခွက်ပန်းကန်တွေ သုတ်ပေးသင့်ပါတယ်။


Credit :Trend Myanmar