လူတချို့ ဒေါသထွက်လွယ်ရတဲ့ အကြောင်းကိုတွေ့ရှိ

play

လူတချို့ဟာ သူများထက်စိတ်ဆတ်ပြီး ဒေါသထွက်လွယ်ကြတဲ့ အကြောင်းရင်းကို  သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။
play

 လူတစ်ဦး စိတ်ခံစားချက်တွေ ဖြစ်ပေါ်စေဖို့ အဓိကအလုပ်လုပ်ပေးနေတဲ့ ဦးနှောက်ရဲ့ frontolimbic အပိုင်းတွေမှာ grey matter တစ်ရှုးတွေဟာ နည်းပါးနေလို့ အခုလိုဖြစ်ပေါ်ရတာ ဖြစ်တယ်လို့ သိရပါတယ်။ သုတေသနကို ချီကာဂိုတက္ကသိုလ်က သိပ္ပံပညာရှင်တွေက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး တွေ့ရှိချက်ကို  Biological Psychiatry ဂျာနယ်မှာ ထုတ်ပြန်ခဲ့ပါတယ်။
play

လူပေါင်း ၁၆၈ ယောက်ကို သုတေသနပြုခဲ့တာဖြစ်ပြီး ဒီထဲကစိတ်ဆတ်ပြီးဒေါသထွက်လွယ်တဲ့လူတွေဟာ grey matter နည်းပါးမှုနဲ့ ဆက်စပ်နေတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
Photos & Source: Daily Mail
Share on Google Plus

About Myanmar Magazine