Breaking News

ပိုင်ဆိုင်သမျှထဲက ၁၀ ရာခိုင်နှုန်းကို ပရဟိတအတွက်လှူဒါန်းတဲ့ ခရစ္စမာတင်

play

Coldplay အဖွဲ့ရဲ့ အဆိုတော် ခရစ္စမာတင်က သူပိုင်ဆိုင်သမျှထဲက ၁၀ ရာခိုင်နှုန်းကို ပရဟိတလုပ်ငန်းပေါင်းများစွာမှာ လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။ သူ့ရဲ့ဘဏ်အကောင့်ထဲမှာ ဒေါ်လာ သန်း ၉၀ လောက် ရှိတယ်လို့ ဆိုတာကြောင့် ခရစ္စမာတင်က အနည်းဆုံး ဒေါ်လာ ၉ သန်းလောက်တော့ လှူခဲ့ပုံပါပဲ။ ဒီအကြောင်းကို Coldplay အဖွဲ့ရဲ့ ဂစ်တာသမား ဂျွန်နီဘက်က်လန်းက Today ရုပ်သံသတင်းဌာနကို ပြောပြသွားခဲ့တာဖြစ်ပါတယ်။
play
အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ဦးဖြစ်ပေမဲ့ အလှူအတန်း ဝါသနာထုံတဲ့ ခရစ္စက ခုချိန်ထိတိုင်အောင် အမေ့ထံက တစ်ပတ်ကို ၃ ပေါင် မုန့်ဖိုးရနေဆဲဖြစ်ကြောင်းကိုလည်း ယင်းအစီအစဉ်မှာ ပြောသွားပါသေးတယ်။ ခရစ္စတစ်ယောက်တည်းသာမက Coldplay တစ်ဖွဲ့လုံးက စုစုပေါင်း ဒေါ်လာ ၄၇၅ သန်းကို ပရဟိတလုပ်ငန်း ၂၈ ခုမှာ လှူဒါန်းခဲ့ကြပြီးပြီလို့လည်း သိရပါတယ်။
Source : Daily Mail  Credit :duwun