Breaking News

ချစ်သူရဲ့ ရက်စက်စွာနောက်ပြောင်မှုကြောင့် နာကျင်သွားတဲ့ အမျိုးသမီး

play

နောက်ပြောင်ကျီစယ်ခြင်းဆိုတာက တစ်ဖက်လူရဲ့ခံစားချက်ကို နာနာကျင်ကျင် မထိသရွေ့တော့ ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ ကြေကွဲပြီး နာရီနဲ့ချီ ငိုယိုလိုက်ရပြီးမှ ဒါဟာ နောက်ပြောင်မှုသက်သက်လို့ သိလိုက်ရတဲ့ အမျိုသမီးမှာ စိတ်သက်ရာမရတဲ့အပြင် နာကျင်မှုက မပျောက်နိုင် ဖြစ်ခဲ့ရပါတယ်။
"အခု ကျွန်မမှာ ဆောက်တည်ရာမရဖြစ်ပြီး နာကျင်နေတုန်းပဲ။ အားလုံးက ဒါဟာ ရယ်စရာပါလို့ ပြောနေကြတယ်လေ" လို့ ယင်းအမျိုးသမီးကဆိုရင်း သူမရဲ့အဖြစ်အပျက်ကို ပြောပြခဲ့ပါတယ်။
play

"ကျွန်မနဲ့ ၇ နှစ်တိတိ ချစ်ကြိုက်ခဲ့တဲ့ ချစ်သူက အလုပ်ပြီးတာနဲ့ ကျွန်မတို့နဲ့ အတူ အပြင်သွားဖို့ စီစဉ်ထားတယ်။ ကျွန်မက သူ့အမေအိမ်မှာ သူ့ကို သွားစောင့်တယ်။ အဲဒီအချိန်မှာ ရဲစခန်းက ဖုန်းဆက်ပြီး သူ ယာဉ်တိုက်မှုဖြစ်ပြီး ဆုံးသွားတယ်လို့ ပြောတယ်။ ကျွန်မ ၂ နှစ်နာရီကြာ ငိုကျွေးခဲ့ရတယ်။ သူ့မိဘတွေက ကျွန်မကို နှစ်သိမ့်တယ်။ အဲဓီအချိန်မှာ သူက အိမ်ကို ပန်းတွေကိုင်ပြီး ဝင်လာတ်။ လူတွေက သူ့ကို ဗီဒီယိုရိုက်ကြတယ်။ ကျွန်မက ငိုနေချိန်မှာ သူနဲ့ သူမိသားစု ရယ်မောနေကြတယ်လေ" လို့ သူမက နာနာကျင်ကျင် ဆိုပါတယ်။
"သူတို့နဲ့ ကျွန်မတို့က ယဉ်ကျေးမှုချင်း မတူလို့လည်း ဖြစ်ချင်ဖြစ်မယ်။ သူတို့ ယဉ်ကျေးမှုမှာ ဒါဟာ ရယ်စရာ ဖြစ်ချင်ဖြစ်နိုင်ပေမဲ့ ကျွန်မက ဒီလို မလုပ်သင့်ကြောင်းပြောတော့ သူက ရယ်နေပြီး ဒါဟာ သူလုပ်ဖူးသမျှထဲမှာ အရသာအရှိဆုံး နောက်ပြောင်မှုပဲလို့ ပြောတယ်" လို့ သူမက ပြောပါတယ်။
Source & Photos : Mirror   Credit :duwun