ပရိသတ်တွေက အကယ်ဒမီရစေချင်ကြပေမဲ့လဲ ရခြင်းမရခြင်းက ကံအပေါ်မှာမူတည်လို့ပြောပြလာတဲ့ မြင့်မြတ်



ကျောက်စက်ရေဇာတ်ကားရုံတင်ပြီးကတည်းက ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးရနှုန်းနည်းပါးခဲ့သူကတော့ မြင့်မြတ်ပါ။ မြင့်မြတ်ဟာ ၂၀၁၆ထဲမှာမှ ရုပ်ရှင်ကားကြီးတွေ ဆက်တိုက်စဉ်ဆက်မပြတ် ရိုက်ကူးလာရသလို သူ့ကိုအားပေးနေတဲ့ပရိသတ်တွေကလဲ သူ့အတွက်အကယ်ဒမီဆုကို ကိုယ်စားရင်ခုန်ပေးနေကြပါတယ်။ ဒီနှစ်မှာလဲ သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားသုံးကားပါဝင်နေသလို အကယ်ဒမီရခြင်းမရခြင်းက ကံအပေါ်မှာပဲမူတည်တယ်လို့ မြင့်မြတ်က ပြောပြလာခဲ့ပါတယ်။

 ‘ အကယ်ဒမီအတွက် စိတ်ခံစားချက်ကတော့ အေးဆေးပါပဲ။ ပရိသတ်တွေကတော့ ရစေချင်ကြတယ်။ တကယ်ရခြင်း၊ မရခြင်းကတော့ကံအပေါ်မှာပဲ မူတည်ပါတယ်။ ဒီနှစ်ထဲမှာ ကျွန်တော့်ကား သုံးကားပါတယ်။ ခိုးဆိုးလုနှိုက်၊ မှော်ကျောက်စာနဲ့မင်းလည်းဘိုကေငါလဲဘိုကေလဲပါပါတယ်" တဲ့။

ပရိသတ်အားပေးခြင်းခံရတဲ့ ဇာတ်ကားများရဲ့သရုပ်ဆောင်ဖြစ်ခဲ့ခြင်းနဲ့ပတ်သက်ပြီးတော့လဲ ‘ အရမ်းဝမ်းသာပါတယ်။ ဒါဘာပဲပြောပြောလေ ပရိသတ်ကရစေချင်တယ်ဆိုတော့ ကိုယ်လဲပျော်တာပေါ့။ အားပေးကြတယ်။ ရစေချင်ကြတဲ့အတွက်လဲကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်ကတော့ ခိုးဆိုးလုနှိုက်နဲ့မှော်ကျောက်စာကို အားရတယ်။ မင်းလဲဘိုကေငါလဲဘိုကေကတော့ ဟာသကားသီးသန့်ဆိုတော့လေ။ ဟိုနှစ်ကားကိုတော့ ပိုအားရပါတယ်။’လို့ သူက ပြောပြသွားပါတယ်။

ကျောက်စက်ရေတစ်ကားထဲနဲ့အကယ်ဒမီပွဲတက်ခဲ့ရသလို ဒီနှစ်မှာ ကိုယ်ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားသုံးကာားနဲ့အကယ်ဒမီပွဲတက်ရမဲ့ စိတ်ခံစားချက်ကိုတော့ သူက ‘ အရမ်းဝမ်းသာပါတယ်။ ကျွန်တော်ကျောက်စက်ရေရုံတင်ပြီးနောက်ပိုင်းမှာ ရုပ်ရှင်ကားကြီးတော်တော်ဟသွားတယ်။ ရုံတင်ကားမရိုက်ရဘူး။ ဗီဒီယိုနဲ့ပဲရပ်တည်ခဲ့ရတယ်။ အခုနောက်ပိုင်းမှာမှ ရုပ်ရှင်ကားကြီးတွေဆက်တိုက်ရိုက်ရသလို အကယ်ဒမီဇာတ်ကားလေးတွေလဲပါလာတဲ့အတွက်ဝမ်းသာပါတယ်။’ လို့  ဖွင့်ဟပါတယ်။

မြင့်မြတ်ဟာ၂၀၁၇မှာ မင်္ဂလာပွဲကျင်းပမှာ ဖြစ်တာကြောင့် သူ့ပရိသတ်တွေက မင်္ဂလာအစီအစဉ်တွေကို စိတ်ဝင်စားသိချင်နေကြပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး သူပြောပြပေးသွားတာက ' အခုကတော့ စီစဉ်နေတုန်းပဲပေါ့။ ၀တ်စုံက ဒီဇိုင်နာ ကိုမျိုးမင်းစိုးက စပွန်ဆာပေးပါတယ်။ မိတ်ကပ်ကတော့ မေဦးကစပွန်ဆာပေးပါတယ်။ မန္တလေးပွဲကတော့ ၂၂ ရက်နေ့လောက်ဖြစ်ပါမယ်။’ တဲ့။

အခုလက်ရှိမှာတော့ မြင့်မြတ်ဟာ ဒါရိုက်တာဝိုင်း၊ ဖွေးဖွေးတို့နဲ့အတူ ဘယ်ညာ ဘယ်ညာ ဇာတ်ကားကြီးမှာ သူဌေးသမီးကိုစောင့်ရှောက်ရတဲ့ ဘော်ဒီကတ် ကာရိုက်တာကို ပါဝင်သရုပ်ဆောင်နေပါတယ်။

Credit :Trend Myanmar


Share on Google Plus

About Myanmar Magazine