အိပ်ငိုက်ခြင်းကို ပြေပျောက်စေမယ့် နည်းလမ်း (၅) ခု

play

အလုပ်စားပွဲမှာ အမြဲတမ်း ထိုင်နေရတဲ့ ရုံးဝန်ထမ်းတွေအဖို့ အမြဲတမ်း ကြုံနေရတဲ့ ပြဿနာက အလုပ်ချိန် အိပ်ငိုက်လို့ အဆူခံရတဲ့ကိစ္စပါ။ အထူးသဖြင့် ထမင်းစားပြီးခါစ နေ့လယ်ဘက်တွေမှာ ပိုငိုက်တတ်ပါတယ်။ အလုပ်စားပွဲပေါ်မှာ ထိုင်နေရင်း အိပ်ချင်လာပြီဆိုရင် ဒါလေးတွေလုပ်ပါ။
၁။ အကြောဆန့်ပါ
play

ပုံစံတစ်ခုတည်း ကြာကြာထိုင်နေလို့ ညောင်းချိပြီး အိပ်ငိုက်လာတတ်ပါတယ်။ အကြောတွေ ဆန့်ထုတ်ပေးလိုက်ရင် အကြောတက်တာသက်သာပြီး လေးလံထိုင်းမှိုင်းမှုတွေ ပျောက်သွားပါလိမ့်မယ်။
၂။ ရေသောက်ပါ
အကြောဆန့်လို့မှ မရသေးဘူးဆိုရင် ရေအေးအေးတစ်ခွက်လောက် သောက်ပေးခြင်းက လူကို လန်းဆန်းစေပါတယ်။
၃။ လမ်းလျှောက်ပါ
play

အလုပ်စားပွဲကနေ ဝေးဝေးသွားလို့ မရဘူးဆိုရင် အိမ်သာထသွားတာဖြစ်ဖြစ် ဟိုနား ဒီနားလောက်ကို မိနစ် အနည်းငယ် လောက် လမ်းလျှောက်ပေးနိုင်ပါတယ်။ လမ်းမှာတွေ့တဲ့လူတွေကို နှုတ်ဆက်ရင်း စကားစမြည်လေးလည်း ပြောပေါ့။
၎။ ကဖင်းဓာတ်ရယူပါ
အရမ်းငိုက်နေရင်တော့ ကဖိန်းဓာတ်အကူအညီ ယူဖို့ လိုပါတယ်။ ကော်ဖီဖြစ်ဖြစ် လက်ဖက်ရည်ဖြစ်ဖြစ် တစ်ခွက်လောက် သောက်ရပါမယ်။
၅။ ခံတွင်းရှင်းပါ
play
ခံတွင်းကို သန့်ရှင်းလန်းဆန်းသွားအောင် သွားတိုက်ပေးရင် အာရုံတွေ လန်းဆန်းလာပါလိမ့်မယ်။ သွားနဲ့ခံတွင်းကိုသာမက လျှာကိုပါ ပွတ်တိုက်သန့်စင်ပေးရမှာ ဖြစ်ပါတယ်။ သွားမတိုက်ချင်ဘူးဆိုရင် ခံတွင်းသန့်ဆေးနဲ့ ပလုတ်ကျင်းပေးနိုင်ပါတယ်။
Photo : Moneylife Credit :duwun



Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.