ကလေးတွေနဲ့အတူ ကစားကွင်းထဲမှာ ပျော်နေတဲ့ ဒေးဗစ်ဘက်ခမ်း

play

အသက် ၄၁ နှစ်အရွယ် ဒေးဗစ်ဘက်ခမ်းဟာ မိသားစုနဲ့အတူ နာမည်ကျော် လန်ဒန်ပန်းခြံဖြစ်တဲ့ Hyde Park ကိုသွားပြီး ကလေးတွေနဲ့အတူ ယာဉ်တွေအားလုံး စီးခဲ့ပါတယ်။
အသက် ၅ နှစ်အရွယ် သမီး ဟာပါ၊ အသက် ၁၄ နှစ်အရွယ် ရိုမီယိုတို့နဲ့အတူ ကစားကွင်းထဲမှာ ပျော်ရွှင်နေတဲ့ ဒေးဗစ်ကို မြင်တွေ့ရတာပါ။
play

ပွဲတော်ချိန်ဖြစ်တဲ့အတွက် ဒေးဗစ်ဟာ ဘရွတ်ကလင်း၊ ရိုမီယို၊ ခရုစ်နဲ့ ဟာပါတို့ကို ကစားကွင်းလိုက်ပို့တာ ဖြစ်ပါတယ်။
play

ဒါပေမဲ့ သားသမီးတွေနဲ့ တရင်းတနှီးနေတတ်တဲ့ ဒေးဗစ်ဟာ လိုက်ပို့ရုံမကဘဲ သူပါ ကလေးတွေနဲ့အတူ တသားတည်း ပျော်ရွှင်နေတာကို မြင်တွေ့ရတာ တကယ့်ကို ကြည်နူးစရာပါပဲ။
play

Source & Photos : the Sun
Share on Google Plus

About Myanmar Magazine Onilne