လူကြီးလူကောင်းတွေ ဘယ်တော့မှမပြုမူတဲ့အရာ (၅) ချက်



ယနေ့ခေတ်မှာ အမျိုးသားတွေဟာ အရင်ကထက်ပိုပြီး ပြောဆိုပြုမူပုံတွေက ရိုင်းပျလာတာ အားလုံးသိပါလိမ့်မယ်။ ကိုယ်လုပ်သင့်သလား၊ ပြောသင့်သလား မစဉ်းစားတော့ပဲ ပြောဆိုပြုမူလိုက်တာမျိုး၊ တစ်ဖက်လူ ဘယ်လိုဖြစ်သွားမလဲ မစဉ်းစားပဲ ဝေဖန်ပြောဆိုလိုက်တာမျိုးတွေဟာ ယနေ့ခေတ်လူငယ်တွေမှာ ပိုလို့တောင် ဆိုးရွားလာပါသေးတယ်။ ဒီတော့ လူကြီးလူကောင်းဆန်တဲ့ အမျိုးသားတွေ ဘယ်တော့မှ လုပ်လေ့မရှိတဲ့အရာတွေကို ပြောပြပေးချင်ပါတယ်။

၁။ လူကြီးလူကောင်းတွေဟာ သင်ရဲ့ရုပ်ရည်ကို ဘယ်တော့မှ မဝေဖန်ဘူး
“နင့်ဆံပင်လေးသာ ဒီထက်ရှည်ခဲ့မယ်ဆိုင်ရင်” “နင် နည်းနည်းလေး ပိန်သွားမယ်ဆိုရင်” “မိတ်ကပ်လေး ခြယ်သလာမယ်ဆိုရင်…” စတဲ့ ရုပ်ရည်အသွင်အပြင်နဲ့ ပတ်သက်လို့ သင်စိတ်မကောင်းဖြစ်မယ့်အရာမျိုးကို လူကြီးလူကောင်းတွေ ဘယ်တော့မှ မပြောပါ။ အဲဒီလိုသူပြောဆိုနေပြီဆိုရင် သင့်ကို သိမ်ငယ်စိတ်ဝင်အောင်ဖန်တီးပြီး သူ့ရင်ခွင်ထဲက ထွက်မသွားရဲလောက်အောင်၊ ယုံကြည်ချက်ကင်းမဲ့အောင် တမင်တကာလုပ်နေတာဖြစ်ပါတယ်။ ဒါဟာ သင့်ကိုထိန်းချုပ်ဖို့ကြိုးစားနေတဲ့ သူရဲ့လှည့်စားချက်ဖြစ်သလို စိတ်ပိုင်းဆိုင်ရာကို ရိုက်ချိုးလိုက်တာလည်း ဖြစ်ပါတယ်။ အဲဒီလိုတွေ ပြောလာခဲ့ရင် ချက်ချင်း လမ်းခွဲလိုက်ပါ။

၂။ လူကြီးလူကောင်းဆန်တဲ့ အမျိုးသားဟာ သင့်ရဲ့အတွင်းကိစ္စကို ဘယ်တော့မှ ဝင်ရောက်မစွက်ဖက်ဘူး။
သာယာဖြောင့်ဖြူးတဲ့ပေါင်းသင်းဆက်ဆံရေးမှာ ဘာအရာကိုမျှ ဖုန်းကွယ်ထားစရာမလိုဘူး။ စာတွေ၊ အီးမေးလ် တွေ၊ ဖေ့ဘွတ်ခ်စာတွေ- ဘယ်အရာဘဲဖြစ်ဖြစ် ဖုန်းကွယ်ထားစရာမလိုပါ။ ဒါပေမဲ့ သင့်ဖုန်း၊ ကွန်ပျူတာကိုဖွင့်ပြီး တနေရာရာကို ထသွားတဲ့အခါ ကိုယ့်ချစ်သူရဲ့စက်ကို ယူကြည့်ခွင့်ရှိတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အဲဒီမျိုးလို ပြုလုပ်တာဟာ သူတို့ဘက်မှာ မလုံမလဲချက်တွေရှိနေလို့ သူတို့ရဲ့သစ္စာမဲ့မှုတွေကို သင့်ထံပုံချဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

၃။ လူကြီးလူကောင်းဆန်တဲ့သူတွေဟာ သင့်ကို ဘယ်တော့မှ စိတ်အားမငယ်စေဘူး။
ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိတာဟာ တခြားသူရဲ့ရည်မှန်းချက်တွေ အကောင်အထည်ပေါ်လာအောင် ကူညီ ပေးနိုင်တယ်ဆိုတာကို ပြသလိုက်တာဖြစ်ပါတယ်။ လူကြီးလူကောင်းတစ်ယောက်ဟာ သူ့ရဲ့ပတ်ဝန်းကျင်က လူတွေကို ဖေးမကူညီဖို့ အမြဲစိတ်အားထက်သန်နေပြီး စိတ်ဓါတ်ကျအောင် ဒါမှမဟုတ် စော်ကားတဲ့စကား ဘယ်တော့မှ ပြောဆိုမှာ မဟုတ်ပါဘူး။

၎။ လူကြီးလူကောင်းဟာ သင့်ရဲ့တန်ဖိုးကို အသိအမှတ်ပြုပြီး ရှင်းပြစရာမလိုအောင် ဆက်ဆံပါတယ်။
ကိုယ့်ရဲ့အရည်အချင်းတွေကို သူ့ကို သက်သေပြရတော့မယ်လို့ သိလိုက်ရတဲ့အချိန်ဟာ သင်လမ်းခွဲထွက်ခွာ သင့်တဲ့အချိန်ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သင်နဲ့အတူရှိနေတဲ့သူဟာ သင့်ကိုသာ တန်ဖိုးထား လေးစားသင့်တယ်။ သင်ဘာလုပ်နိုင်တယ်၊ ဘာဆောင်ရွက်နိုင်တယ်နဲ့ မဆိုင်ပါဘူး။

၅။ လူကြီးလူကောင်းဆန်တဲ့ အမျိုးသားဟာ သင့်အပေါ် ဘယ်တော့မှ မလေးမစား မဆက်ဆံဘူး။
လူကြီးလူကောင်းဟာ ပတ်ဝန်းကျင်ရှိ လူအားလုံးကို ရိုသေလေးစားတယ်။ သူဟာ ဥာဏ်ပညာ ဒါမှမဟုတ် ရာထူးဌာနန်ကရိုင်းတွေကို ထောက်ရှု့ပြီး မည်သူတစ်ဦးယောက်ကိုမှ နှိမ့်ချစော်ကားခြင်းမပြုတတ်ပါဘူး။ “လူကြီးလူ ကောင်းတို့သည် တန်းတူညီမျှမှုကို ကြောက်ရွံ့စိုးရိမ်ခြင်း အလျဉ်းမရှိပါ။”

Credit :Trend Myanmar


Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.