ခြေဖနှောင့် အရည်ကြည်ဖုကို လုံးဝမလုပ်သင့်တဲ့အချက်



ကြိုးသိုင်းဖိနပ်တွေ၊ flat လို တန်းစွပ်လို့ရတဲ့ ဖိနပ်တွေ၊ ဒေါက်မြင့်ဖိနပ်တွေ စီးရတာ ကျွန်ုပ်တို့ နှစ်သက်ကြပေမယ့် ကျွန်ုပ်တို့ခြေထောက်ကတော့ မကြိုက်လှပါဘူး။ ထုံးစံအတိုင်း ဒါတွေဟာ ခြေထောက်တွေကို နောက်ဆုံးမှာ အနာရွတ်တွေ ကျန်စေရုံသာမက ၊အဲ့ဒါမတိုင်ခင်မှာတော့ အရည်ကြည်ဖုတွေ ဖြစ်ေစတဲ့ အဓိက အကြောင်းအရင်းတွေ  ဖြစ်နေပြန်ပါတယ်။

တကယ်လို့များ သင်ဟာ ဖိနပ်သစ်စီးမိပြီး ခုလို ပြသနာမျိုး ကြုံလာရမယ်ဆိုရင် ပထမဆုံး သတိပေးတားမြစ်ချင်တာက အရည်ကြည်ဖုကို လုံးဝ (လုံးဝ) မဖောက်ပါနဲ့။ အထူးသဖြင့် အရည်ကြည်ဖုက မကြီးဘဲ အရမ်းနာကျင် ကိုက်ခဲနေပါက ဖောက်လိုက်တာ အဆိုးဆုံးဖြစ်ပါတယ်။

ဒီလိုလုပ်မယ့်အစား ဒီတိုင်းထား ဒါမှမဟုတ် ဆားရေလေးနဲ့ ဆေးကြောပေးရပါမယ်။ အရည်ကြည်ဖုံးတဲ့ပြည်တည်နာအောက်မှာ အရေပြားသစ် စတင်ဖြစ်ပေါ်တာဆိုတော့ ဖောက်ထုတ်လိုက်တာဟာ ပိုမိုကျိန်းစပ်နိုင်ခြေရှိပါတယ်။ ဒီတော့ နောက်တခါ အရည်ကြည်ဖုလေး ခြေထောက်မှာဖြစ်လာရင် ဒီတိုင်းလေးပဲ ထားဖို့မမေ့ကြနဲ့နော်။

Credit :Trend Myanmar


Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.