အသက် ၆၇ နှစ်အရွယ်မှာ ကမ္ဘာ့အသက်ကြီးဆုံး ကိုယ်စားမိခင်ဖြစ်လာတဲ့ ဂရိအမျိုးသမီး



အသက် ၆၇ နှစ်အရွယ်အမျိုးသမီးကို သမီးဖြစ်သူရဲ့ ရင်သွေး ကိုယ်စားမိခင်အဖြစ် လွယ်ပေးဖို့ ဂရိဆရာဝန်တွေ ကူညီခဲ့ကြပြီး သူမကို ကမ္ဘာမှာ အသက်ကြီးဆုံးမိခင်တစ်ဦးဖြစ်စေခဲ့ကြောင်း ဂရိနိုင်ငံပိုင်သတင်းဌာန AMNA က ဖော်ပြခဲ့ပါတယ်။

အဆိုပါဂရိအမျိုးသမီးဟာ အခုအခါ ကမ္ဘာမှာ အသက်ကြီးဆုံး ကိုယ်စားကိုယ်ဝန်ဆောင်ပေးတဲ့ မိခင်နဲ့ အဘွားဖြစ်ပါတယ်။ သားအိမ်ထုတ်ထားတဲ့ သမီးကိုယ်စား ကိုယ်ဝန်ဆောင်ပေးခြင်း ဖြစ်တယ်လို့ ယင်းလုပ်ငန်းစဉ်ကို ကြီးကြပ်သူ သားဖွား-မီးယပ်ရောဂါအထူးကုဆရာဝန် Constantine Pantos ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

Anastasia Ontou ဟာ သမီးဖြစ်သူ ဒီပြင်းထန်တဲ့ ကျန်းမာရေးချို့တဲ့မှုတစ်ခုက ကိုယ်ဝန်ဆောင်လို့ မရအောင် တားဆီးပြီးနောက် သူမမြေးကို ကိုယ်စားမိခင်အဖြစ် အင်္ဂါနေ့က ကိုယ်တိုင်မွေးခဲ့တာဖြစ်တယ်လို့ ဆရာဝန်က အသိပေးခဲ့ပါတယ်။

၁ ကီလိုနဲ့ ၂၀ ဂရမ် ကိုယ်အလေးချိန်ရှိတဲ့ ကလေးမနဲ့ ဘွားဘွားတို့ ကျန်းကျန်းမာမာ ရှိနေကြပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ၃၁ ပတ်ကြာမြင့်ခဲ့ပြီး သားန္ဓေသား လွှဲပြောင်းမှုကို Pantos နဲ့ သူ့အဖွဲ့က ဂရိတရားရေးဆိုင်ရာ အာဏာပိုင်တွေဆီက ခွင့်ပြုချက်နဲ့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းအစီရင်ခံစာက ဆိုပါတယ်။

ဂရိတရားဥပဒေအောက်မှာ လိုလိုလားလားကိုယ်ဝန်နိုင်တဲ့ ကိုယ်စားမိခင်တစ်ဦးအတွင်း ထည့်သွင်းဖို့ စုံတွဲနှစ်ဦးဆီက မျိုးရိုးဗီဇတွေနဲ့ ဖန်တီးထားတဲ့ သားန္ဓေသားအတွက် တရားရုံးအမိန့် လိုအပ်ပါတယ်။ ယင်းစုံတွဲအနေနဲ့ ကလေးလုံးဝမရနိုင်ကြောင်း အထောက်အထားပြတဲ့ ကျန်းမာရေးစစ်ဆေးမှု ရလဒ်တွေ တင်ပြရမှာ ဖြစ်ကြောင်း သိရပါတယ်။

Credit :Trend Myanmar


Share on Google Plus

About Myanmar Magazine