ခရုစ်ဘက်ခမ်းနဲ့ သီချင်းတွဲဆိုမယ်ဆိုတဲ့ နီကိုးရှာဇင်ဂါ

play

ဗစ်တိုးရီးယားနဲ့ ဒေးဗစ်ဘက်ခမ်းတို့ရဲ့သား ခရုစ်ဘက်ခမ်းဟာ သူ့ရဲ့ ပထမဆုံးသီချင်း If Every Day Was Christmas ကို ထုတ်လွှင့်ခဲ့တာ ရက်ပိုင်းပဲ ရှိပါသေးတယ်။
ဒါပေမဲ့ ခရုစ်ရဲ့မိခင် ဗစ်တိုးရီးယားဟာ နစ်ကိုးရှာဇင်ဂါကို အသက် ၁၁ နှစ်၉သာ ရှိသေးတဲ့ သားဖြစ်သူနဲ့ တွဲဖက်သီဆိုခိုင်းဖို့ စဉ်းစားနေပါပြီ။
play

Spice Girls အဆိုတော်ဟောင်း၊ ဖက်ရှင်ဒီဇိုင်နာ ဗစ်တိုးရီးယားက သူမကို သူ့သားနဲ့ သီချင်းအတူ ဖန်တီးဖို့ တောင်းဆိုထားတယ်လို့ X Factor ဒိုင် နီကိုးရှာဇင်ဂါက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
play

"ဗစ်တိုးရီးယားက ဟိုတစ်နေ့က သူ့သားအကြောင်း ပြောနေသေးတယ်။ အားလုံးကို ကလေးက တစ်ယောက်တည်း လုပ်ထားတာ။ သူက သားကို ပံ့ပိုးပေးတယ်တဲ့" လို့ The Sun နဲ့ အင်တာဗျူးမှာ Pussycat Dolls အဖွဲ့ဝင်ဟောင်း နစ်ကိုးက ပြောခဲ့ပါတယ်။
"ကျွန်မ သီချင်းတွဲဆိုတာ လုပ်ချင်လည်း လုပ်မှာပါ။ ဒါပေမဲ့ သူ့အသက်က ဘယ်လောက်ရှိသေးလို့လဲ။ တစ်နှစ်သားလေးလိုပဲ။ မိုက်တော့ မိုက်မှာပါ။ သူနဲ့ တွဲဆိုနိုင်ပါတယ်။ ကျွန်မ နောက်ထပ်လုပ်မယ့်အလုပ်က အဲဒါလည်း ဖြစ်ချင်ဖြစ်မယ်" လို့ နစ်ကိုးက ဆိုခဲ့ပါတယ်။
ှSource & Photos : Daily Mail
ခရုစ်ဘက်ခမ်းရဲ့ ပထမဆုံးသီချင်း If Everyday was Christmas
Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.