ရွယ်တူအမျိုးသားနဲ့ ဒိတ်လုပ်တဲ့အခါ ဒီလို အကျိုးကျေးဇူးတွေ ရရှိခံစားကြရတာ



အမျိုးသမီးတွေ စိတ်ဖိစီးမှုအရမ်းများတဲ့အချိန် မိမိထက်အသက်ကြီးတဲ့သူ အမျိုးသားတွေကို ဒိတ်လုပ်ပါလို့ ဆိုကြပေမယ့် ဒါ ပြောသလောက်လည်း မဟုတ်ပါဘူး။ မိမိနဲ့ရွယ်တူတစ်ဦးတစ်ယောက်နဲ့ ဒိတ်လုပ်တာ ဘယ်လိုတွေ အဆင်မပြေကြောင်း ထပ်ခါထပ်ခါပြောဆိုနေကြပါတယ်။ အံ့သြစရာကောင်းတာက ရွယ်တူချင်း ဒိတ်လုပ်ကြတာ အဆင်ပြေတာပါပဲ။ အကျိုးအကျေးဇူးတွေက လက်လွှတ်ဆုံးရှုံးလို့ မဖြစ်လောက်အောင်ကို ကောင်းမွန်ပါတယ်။ မိမိနဲ့သက်တူရွယ်တူ တစ်စုံတစ်ဦးနဲ့ ဒိတ်လုပ်ခြင်းနဲ့ ပတ်သက်တဲ့ အချက်တွေဖော်ပြပေးလိုက်ပါတယ်။

အားပြိုင်မှု၊ အာဏာလွန်ဆွဲမှု  ပိုနည်း

များသောအားဖြင့် အမျိုးသမီးတွေ မိမိထက်အသက်ကြီးသူ အမျိုးသားတွေနဲ့ ဒိတ်လုပ်ရတာ သဘောကျနှစ်သက်ကြပါတယ်။ ဘာလို့လဲဆိုတော့ ချစ်ရေးချစ်ရာ ကိစ္စအများစုမှာ အမျိုးသားကို ကိုင်တွယ်စေချင်လို့ပဲ ဖြစ်ပါတယ်။ ကိုယ်က အေးဆေးသက်တောင့်သက်သာ ထိုင်နေပြီး ဆုံးဖြတ်ချက်တွေအားလုံး သူ့ပဲပေးလုပ်ခိုင်းလိုက်တာ နှစ်သက်စဖွယ်လို့ ထင်မှတ်စရာရှိပါတယ်။ တကယ်တော့ အဲဒီလိုချည်းတော့လည်း မဟုတ်ပါဘူး။ အသက်ပိုကြီးတဲ့အမျိုးသားတွေ သြဇာအာဏာသုံး၊ ချုပ်ချယ်မှုလုပ်ပြီး ရုန်းမထွက်သာအောင် ထားတတ်ပါတယ်။ တစ်ဖက်မှာ မိမိနဲ့သက်တူတစ်ယောက်နဲ့ ဒိတ်လုပ်ပါက ဒီလိုအခြေအနေတွေ ဖြစ်ပွားနိုင်ခြေ ပိုနည်းပါတယ်။ အဖေနဲ့သမီးဆက်ဆံမှုမျိုးအစား လက်တွဲဖော်သဘော ပိုပါပါတယ်။ ရှေ့ရေးအတွက် အရာရာကို တစ်ဦးတည်း ဒိုင်ခံဆုံးဖြတ်မယ့်အစား အရေးကြီးဆုံးဖြတ်ချက်တွေ အတူတူချမှတ်ကြပါတယ်။

အကောင်းဆုံးမိတ်တွေ

တစ်ဘဝလုံး ခိုင်မြဲစွာလက်တွဲသွားကြတဲ့ အိမ်ထောင်တွေအားလုံးမှာ ဘုံတူညီချက်တစ်ခုရှိကြပါတယ်။ တစ်ဦးအတွက် နောက်တစ်ဦး အဖော်ကောင်းဖြစ်ကြပါတယ်။ ဒီအချက်က တစ်ဦးကိုတစ်ဦး အပြန်အလှန်လေးစားမှုဆီ တွန်းပို့ပြီး တဖက်လူကို တစ်ဘဝလုံး ယုံကြည်အားကိုးကြပါတယ်။ အကောင်းဆုံး မိတ်ဖက်အိပ်ထောင်ဘဝဟာ သားသမီးတွေနဲ့ ပတ်သက်လာရင်လည်း အခြားသူများထက် ပိုကောင်းကြပါတယ်။ သားသမီးတွေဟာ အချစ်ရေးဆက်ဆံမှုမှာ အဓိက စိတ်ဖိစီးစရာတွေ ဖြစ်လို့ ပြတ်စဲမှုမဖြစ်အောင် ခိုင်မာတဲ့အုတ်မြစ်တစ်ခုရှိဖို့ လိုအပ်ပါတယ်။

အိပ်ခန်းအတွင်း စွမ်းဆောင်မှုပိုကောင်း

မိမိနဲ့အသက်ရွယ်တူတစ်ယောက်က မိမိလောက်ကို နားလည်သိကျွမ်းပြီး အတွေ့အကြုံလည်း ရှိနေသူပါ။ နောက်ပြီး ခံနိုင်ရည်လည်း ပိုကောင်းပါတယ်။ သင်နဲ့ရွယ်တူယောက်ျားတစ်ယောက်က ဖိုမကိစ္စမှာ ပွင့်လင်းမှုလည်း ပိုရှိနိုင်ပါတယ်။ ဒီတော့ အားအင်ပိုရှိခြင်းနဲ့ ပွင့်လင်းမှုကြောင့် ကာမသုခကို ပိုမိုခံစားရနိုင်ပါတယ်။

အတွေ့အကြုံတူညီမှု ပိုများ

မိမိဘဝအတွေ့အကြုံတွေဟာ ပင်ကိုယ်စရိုက်၊ ယုံကြည်ချက်၊ ခံယူချက်တွေကို ပုံဖော်ပေးတဲ့အရာ ဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခု ဖြတ်သန်းလိုက်တိုင်း ပင်ကိုယ်စရိုက်တွေ၊ ယုံကြည်ချက်တွေနဲ့ ခံယူချက်တွေကွဲပြားတဲ့ မျိုးဆက်သစ်တစ်ခု ဖြစ်ပေါ်ပါတယ်။ ဒါ့ကြောင့် မိမိရွယ်တူတစ်ဦးတစ်ယောက်နဲ့ နေရတာ ပြောဆိုဆွေးနွေးစရာ ဘုံတူညီတဲ့အကြောင်းအရာတွေ ရရှိရေးက ပြသနာမဟုတ်တော့ပါဘူး။ ဒီ့ပြင် ဂီတဖျော်ဖြေပွဲ၊ ရုပ်ရှင်၊ အားကစားပွဲစတာတွေကို အတူသွားလို့ရသူ တစ်ဦးနဲ့ နေရတာ အရမ်းကောင်းပါတယ်။


Credit :Trend Myanmar


Share on Google Plus

About Myanmar Magazine