Breaking News

ဒူဘိုင်းမှာပဲ မြင်ရနိုင်တဲ့ ထူးဆန်းထွေလာတွေ

play

ရေနံလုပ်ငန်းနဲ့ အဓိက ကြွယ်ဝ ချမ်းသာနေတဲ့ ဒူဘိုင်းမှာ ဒီလိုအဆန်းအပြားတွေကို မြင်တွေ့နိုင်ပါတယ်။ ဘယ်လောက်ပဲ ချမ်းသာတယ် ဆိုဦးတော့ ဒူဘိုင်းက သူဌေးတွေက သူများတွေထက်ကို သာလွန်နေမှာပါ။
၁။ ဘျူဂတ်တီ တက္ကစီ
play

တကယ့် သူဌေးကြီးတွေမှ ဝယ်စီးနိုင်တဲ့ အဆင့်မြင့် ဇိမ်ခံကား အမှတ်တံဆိပ် ဘျူဂတ်တီတွေကို တက္ကစီဆွဲပါတယ်။
၂။ ကြယ်ခုနစ်ပွင့် ဟိုတယ်
play

ကမ္ဘာမှာ ကြယ်ခုနစ်ပွင့်အဆင့်ရှိတဲ့ ဟိုတယ်ဆိုတာ ဒူဘိုင်းက Burj Al Arab ဟိုတယ် တစ်ခုပဲ ရှိပါသေးတယ်။
၃။ ရဲတွေသုံးတဲ့ လန်ဘော်ဂျီနီ
play

လန်ဘော်ဂျီနီလို ဈေးကြီးကြီးပေးရတဲ့ ကားအကောင်းစားကြီးတွေကိုတော့ ဒူဘိုင်း ရဲတပ်ဖွဲ့က အသုံးပြုပါတယ်။ လန်ဘော်ဂျီနီကို သုံးနိုင်တဲ့ ရဲတပ်ဖွဲ့က ဒူဘိုင်းအပြင် တခြားမှာ မရှိသေးပါဘူး။
၎။ ထန်းလက်ပုံ ကျွန်း
play

အပေါ်စီးက ကြည့်လိုက်ရင် ထန်းလက်ပုံသဏ္ဍန် ဖြန့်ကားနေတဲ့ ကျွန်းကို တွေ့ရမှာပါ။ လူလုပ်ထားတဲ့ အလှဆုံး ကျွန်းလည်း ဖြစ်ပါတယ်။ ကျွန်းပေါ်မှာလည်း ဇိမ်ခံအိမ်တွေပဲ ရှိတာပါ။
၅။ အိမ်မွေးတိရစ္ဆာန်
play

တိရစ္ဆာန်လေးတွေကို ချစ်ခင်ပြီး အိမ်မှာ မွေးရတာ ဝါသနာပါတယ်ဆိုရင် ဒူဘိုင်းက သူဌေးတွေလောက် ချစ်နိုင်ပါဦးမလား။ ဒူဘိုင်းမှာ ကျားသစ်တွေ၊ ခြင်္သေ့တွေကို အိမ်မှာမွေးထားကြပါတယ်။ တစ်ချို့ဆို သွားလေရော ခေါ်သွားကြလို့ ကားတွေပေါ်မှာ သားရဲတိရစ္ဆာန်ကြီးတွေကို မြင်ရဦးမှာပါ။
၆။ ရွှေထုတ်စက်
play

ATM လို့ ခေါ်တဲ့ အလိုအလျောက် ငွေထုတ်စက်တွေမှာ ရွှေထုတ်လို့ရတာ ဒူဘိုင်းအပြင် အခြားနေရာ မရှိပါဘူး။ Gold to Go ဆိုတဲ့ စက်တွေမှာ ရွှေသားစစ်စစ်တွေကို ထုတ်ယူလို့ ရပါတယ်။
Source & Photo : Guff  Credit :Trend Myanmar