အလုပ်မှာပျော်ချင်ရင် သတိထားသင့်တဲ့ လူ (၅) မျိုး

play

၁ - အနိုင်ကျင့်သူတွေ
လုပ်ဖော်ကိုင်ဖက်တွေကို အရှက်ရအောင်အမြဲလုပ်သူတွေဖြစ်ပါတယ်။
ဖြေရှင်းနည်း - ကိုယ်ကစိတ်ဆိုးမာန်ဆိုး တုံ့ပြန်တာမျိုးမလုပ်ပါနဲ့။ ကိုယ့်အားနည်းချက်ရှိရင် ဝန်ခံပြီး မတုန်လှုပ်တတ်တဲ့လူလို နေပါ။
၂ - ကလေးဆန်သူတွေ
play

လူများလက်ခံနိုင်တဲ့ ပုံစံမျိုးနဲ့ ကိုယ့်ခံစားချက်ကိုမဖော်ထုတ်ဘဲ ဘေးနားမှာရှိသူတွေကို အော်ဟစ်တတ်သူတွေဖြစ်ပါတယ်။ ကလေးဆန်သူတွေဖြစ်ပါတယ်။
ဖြေရှင်းနည်း - သူအော်လို့ ကိုယ်ပြန်မအော်ပါနဲ့။ ဒီလိုမထိန်းချုပ်နိုင်လောက်အောင် သူဖြစ်နေရတဲ့ ပြဿနာကို အရင်ဆုံးနားလည်အောင်လုပ်ပါ။ ကြောင်းကျိုးကျကျ တည်တည်ငြိမ်ငြိမ်ပြောပါ။ ဒါမှ မရသေးဘူးဆိုရင် အထက်လူကြီးဆီသာ သွားပါ။
၃ - ခေါင်းမာသူတွေ
play

အလုပ်ကြောင့်ဖြစ်သွားတာမဟုတ်ဘဲ နဂိုကကို ခေါင်းမာတဲ့စရိုက်ပါလာသူတွေဖြစ်ပါတယ်။ ဒီလူတွေကြောင့် အလုပ်မတွင်တတ်ပါဘူး။
ဖြေရှင်းနည်း - ဘယ်လောက်ပဲ သံချေးတက်လာအောင် ခေါင်းမာနေပါစေ သူတို့နဲ့ဆက်ဆံရင် စကားချိုချိုသုံးပါ။ သူတို့အလျော့ပေးလိုက်တယ်လို့ ထင်သွားမှာ ကြောက်သူတွေပါ။ သူတို့အတွက် ရွေးချယ်စရာတွေအများကြီး ဖွင့်ပေးထားပြီး နှစ်ဘက်စလုံးမနာမဲ့ နည်းကိုရှာပါ။
၎ - စိတ်ခံစားချက်များသူ
play

ဒီလူတွေဟာ မမျှော်လင့်တဲ့အချိန်မှာ မမျှော်လင့်တဲ့အလုပ်တွေလုပ်တတ်ပါတယ်။ ခံစားချက်အသားပေးပြီး တကယ့်ဆုံးဖြတ်ချက်ကြီးတွေကို အလျင်စလိုလုပ်တတ်သူတွေဖြစ်ပါတယ်။
ဖြေရှင်းနည်း - ဒီလိုလူမျိုးတွေကို မေးခွန်းများများထုတ်ပေးပါ။ အရေးကြီးတာ သူတို့စိတ်ခံစားချက်များနေတာကို အရှိန်သတ်သွားဖို့ပါ။
၅ - လိမ်တတ်သူ
play

သူတို့လိုချင်တာရဖို့အတွက် ပညာသားပါပါနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို လှည့်ပတ်ပြောသူတွေဖြစ်ပါတယ်။ သူတို့အတွက် ရိုးသားမှုဆိုတာ အဓိကမဟုတ်တတ်ပါဘူး။
ဖြေရှင်းနည်း - အလုပ်သဘောအရပဲ ဆက်ဆံပါ။
Photos & Source: HuffigntonCredit :duwun
Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.