ကျပ် သိန်း ၈၀ ခန့်တန်တဲ့ သိုးမွေးအင်္ကျီဝတ်လို့ ရှုံ့ချခံရတဲ့ ဟယ်ရီစတိုင်

play

ဟယ်ရီစတိုင်ဟာ သူ့ပရိသတ်ရဲ့အသည်းစွဲဖြစ်ပေမဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာတော့ မြောက်လန်ဒန်ကို သွားစဉ် ပေါင် ၄၅၈၅ (မြန်မာငွေကျပ် သိန်း ၈၀ ခန့်) တန်ကြေးရှိတဲ့ Saint Laurent ကထုတ်တဲ့ သိုးမွေးအင်္ကျီကို ဝတ်ဆင်တဲ့အတွက် တွစ်တာမှာ ဝေဖန်ခံလိုက်ရပါတယ်။
play

အသက် ၂၂ နှစ်အရွယ် One Direction အဆိုတော်ဟာ ချမ်းအေးလှတဲ့အတွက် သိုးမွေးနဲ့ ပြုလုပ်တဲ့ထားတဲ့ အညိုရောင် ကုတ်င်္ကျီကို ဝတ်ဆင်ထားတာ ဖြစ်ပါတယ်။
play

"သနားစရာကောင်းလိုက်တဲ့ သိုးလေးတွေ။ ဟယ်ရီစတိုင်..သူတို့အတွက် စဉ်းစားကြည့်ပါဦး" လို့ တစ်ဦးက ရေးသားထားပါတယ်။
"ဟယ်ရီစတိုင်ရေ..မင်းဝတ်ထားတာ သားမွေးအစစ်လို့ မပြောပါနဲ့" လို့ နောက်တစ်ဦးက ရေးသားထားပါတယ်။
ဂျက်စတင်ဘီဘာကလည်း သားမွေးအစစ် ကုတ်အင်္ကျီကို ဝတ်ဆင်တဲ့အတွက် တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ PETA ရဲ့ ပြစ်တင်ဝေဖန်မှုကို ခံခဲ့ရပါတယ်။
play

အသက် ၂၂ နှစ်အရွယ် အဆိုတော် ဂျေဘီကို ဒီဇင်ဘာလ ၂၀ ရက်နေ့က လော့ဆန်းဂျလိစ်မှာ ထူထဲလှတဲ့ သားမွေးအင်္ကျီဝတ်ဆင်ထားတာကို တွေ့ရပြီးတဲ့နောက် PETA အဖွဲ့က ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
Source & Photos : Daily Mail  Credit :duwun
Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.