မန်ယူတွင် ကာလရှည်နေသွားချင်ဟု နည်းပြ မော်ရင်ဟို ပြော

ဓာတ်ပုံ - ရိုက်တာ

ပေါ်တူဂီသား နည်းပြ မော်ရင်ဟိုဟာ မန်ယူအသင်းမှာပဲ ကာလကြာရှည် နေသွားချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အိုးထရက်ဖို့ဒ်အခြေစိုက်ကလပ်မှာ နေရတဲ့အချိန်တွေကို နှစ်သက်လို့ မန်ယူအသင်းနဲ့ လက်ရှိချုပ်ထားတဲ့ ၃ နှစ်စာချုပ်ထက်ပိုပြီး နေချင်တယ်လို့လည်း ဆိုပါတယ်။

အသက် ၅၃ နှစ်အရွယ် နည်းပြ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ မန်ယူအသင်းကို ရောက်ရှိလာတာပါ။

လောလောဆယ် မန်ယူဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။

တရုတ်စူပါလိဂ်က ငွေကြေးအရ ဆွဲဆောင်မှုရှိပေမယ့် သွားရောက်မှာမဟုတ်ဘဲ ခက်ခဲတဲ့ နေရာမှာပဲ ရှင်သန်ချင်တယ်လို့ ပြောပါတယ်။

Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.