Breaking News

အောင်မြင်နေတဲ့သူတွေဆီကနေ ဘယ်တော့မှကြားရမှာမဟုတ်တဲ့အရာများ

အောင်​မြင်​သူ

အောင်မြင်မှုဆိုတာ ယေဘုယျအားဖြင့်ကြွယ်ဝချမ်းသာမှု၊ ကျော်ကြားမှု၊အများရဲ့လေးစားအားကျခြင်းကိုခံရမှု၊လိုချင်တဲ့ပန်းတိုင်ကိုအတိုင်းအတာတစ်ခုအထိရရှိပိုင်ဆိုင်နေတာကိုဘ၀မှာအောင်မြင်နေတယ်လို့ဆိုရမှာပါ။
ဝင်ငွေနဲ့ပတ်သက်ပြီး အတိအကျထုတ်ပြောမှာမဟုတ်ပါဘူး

အောင်မြင်တဲ့သူတွေက လုပ်ငန်းခွင်မှာ ဘယ်လို ကသိကအောက်ဖြစ်စရာတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင် စရာတွေဖြစ်နိုင်တယ်ဆိုတာသိတဲ့အတွက်သူတို့ရဲ့ဝင်ငွေအတိအကျကိုထုတ်ဖော်ပြောလေ့မရှိပါဘူး။ဒါကြောင့်သူတို့ဆီက နေသူတို့ရဲ့ဝင်ငွေနဲ့ပတ်သက်ပြီး အတိအကျကြားရလေ့မရှိပါဘူး။
သူတို့အောင်မြင်အောင် ဘယ်လိုသတ္တိတွေမွေးပြီးကြိုးစားခဲ့ရတယ်ဆိုတာပြောမှာမဟုတ်ဘူး
အောင်မြင်တဲ့သူတွေမှာလည်း အောင်မြင်မှုအလျောက်စိတ်ကြီးဝင်တာဒါမှမဟုတ်ကိုယ့်ကိုယ်ကိုယ်မော်ကြွားစိတ်နဲ့ဂုဏ်ယူနေတာမျိုးရှိကြပါတယ်။ဒါပေမယ့်သူတို့ဟာဘယ်လောက်ထိကြိုးစားခဲ့ရတယ်၊ဘယ်လောက်ထိကိုယ့်ကိုယ်ကိုယ်တည်ဆောက်ခဲ့ရတယ်ဆိုတာကိုပြောပြမှာမဟုတ်ပါဘူး။တော်တန်ရုံလောက်ပဲ သူတို့လည်း တခြားသူလိုငါလိုကြိုးစားခဲ့ရတယ် လို့ပဲဆိုလေ့ရှိကြပါတယ်။
ကောင်းသတင်းဖြစ်စေ ဆိုးသတင်းဖြစ်စေရင်ထိမ်းမှာပဲထားတတ်တယ်
စကားများများပြောခြင်းက သူတို့အတွက် သူတို့အတွက် ဆိုးကျိုးသက်ရောက်မှဖြစ်စေနိုင်တယ်ဆိုတာနားလည်ထား တဲ့အတွက် အောင်မြင်တဲ့သူတွေနောက်ထပ်လုပ်လေ့မရှိတဲ့အရာကတော့သတင်းကောင်းပဲဖြစ်ဖြစ်သတင်းဆိုးပဲဖြစ်ဖြစ်တော်တန်ရုံထုတ်ပြောလေ့မရှိပါဘူး။ရင်ထဲမှာပဲသိမ်းထားလေ့ရှိကြပါတယ်။
သူတို့ရဲ့ကြောက်စိတ်ကိုဖုံးကွယ်ထားလေ့ရှိတယ်
နောက်ဆုံးတစ်ချက်ကတော့ အောင်မြင်ကျော်ကြားတဲ့သူတွေမှာလည်း အားနည်းချက်ဆိုတာရှိပါတယ်။ဒါပေမယ့် သူတို့ရဲ့ အားနည်းချက်ကိုပေါ်လွင်အောင် ဘယ်တော့မှလုပ်လေ့မရှိပါဘူး။သူတို့လည်း သူတို့ရဲ့အောင်မြင်မှုအတိုင်းအတာနဲ့ စိုးရိမ်ကြောင့်ကြစိတ်ရှိကြပေမယ့်ထုတ်ဖော်ပြသလေ့မရှိပါဘူး။အကြောင်းကတော့ သူတို့ရဲ့အောင်မြင်မှု၊ ရိုးသားမှုတွေ အပေါ်မှာပတ်ဝန်းကျင်ရဲ့သံသယ၀င်ခံရမှာစိုးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
သူတို့ကအတင်းအဖျင်းစကားမပြောဘူး
သူတို့က တစ်စုံတစ်ယောက်နဲ့စကားစမြည်ပြောတာမျိုးလုပ်လေ့မရှိပါဘူး။တကယ်လို့ အဲဒီလို စကားစမြည်ပြောခဲ့ရင်လည်း အတင်းအဖျင်းပြောတာမျိုးမဖြစ်အောင်ထိန်းသိမ်းတတ်ကြပါတယ်။သူတို့အတွက် တစ်စုံတစ်ရာမရိုးသားတာမျိုးခံစားရ ရင်တော့် အဲဒီလိုခံစားမှုကိုဖြစ်စေတဲ့ သူကိုတိုက်ရိုက်ပြောပြီးရှင်းသင့်တာကို ရှင်းလေ့ရှိပါတယ်။
ChoChoThan(Shwemom)
ref:lifehack.org