Breaking News

အသက် ၃၀ ကျော်မှ လက်ထပ်သင့်တဲ့ အချက် (၅) ချက်

play

၁ - ငွေကြေး
play

သုံးဆယ်မကျော်ခင်ကာလတွေဟာ ငွေကြေးအရ ဘယ်လိုမှ မတည်ငြိမ်သေးတဲ့ အချိန်တွေဖြစ်ပါတယ်။ အလုပ်အတွက် ပညာရေးကိုလည်း ဆက်လုပ်နေရပါသေးတယ်။ အချစ်တွေ ခံစားချက်တွေနဲ့ မိုးမမြင်လေမမြင်ဖြစ်နေ နိုင်ပေမဲ့ တကယ်တမ်းလက်ထပ်ဖို့ကျတော့ ငွေကြေးအခြေအနေ တည်ငြိမ်မှပဲ ဖြစ်နိုင်ပါတယ်။
၂ - ပုံပြင်စွန့်စားခန်း
play

အားလုံးက ဘယ်အဖြစ်အပျက်မဆို ပုံပြင်စွန့်စားခန်းလို ဇာတ်သိမ်းခန်းမှာ ပျော်ချင်ကြပါတယ်။ ဒါပေမဲ့ တကယ့်အစစ်အမှန်ဘဝ၊ နေ့စဉ်အဖြစ်အပျက်တွေမှာကတော့ ဇာတ်သိမ်းကြရင် သည်းခံပေးရတာ၊ တာဝန်ပိုယူလာရတာ စတဲ့ ရှုပ်ထွေးတဲ့အကြောင်းအရင်းများစွာ ရှိပါတယ်။ ဆယ်ကျော်သက်ဘဝကလို ဘယ်အဖြစ်အပျက်မဆို အကောင်းအဆိုးနှစ်ခုထဲရှိမယ်လို့ ထင်လို့မရပါဘူး။ သုံးဆယ်ကျော်မှ ဘဝရဲ့ ဒီအခြေအနေကို အပြည့်အဝ သဘောပေါက် ရင့်ကျက်လာတတ်ကြပါတယ်။
၃ - သင့်ကိုယ်သင် ရှာပါ
play

လူမှုရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက အိမ်ထောင်ပြုတယ်ဆိုတာ မှန်ကန်တဲ့လူတစ်ယောက်ကိုရှာတွေ့သွားတာ မဟုတ်ဘူးလို့ ပြောကြပါတယ်။ သင့်ကိုယ်သင် ရှာတွေ့သွားတာပါ။ သင့်ကိုသင်ဘာမှန်းမသိသေးတဲ့အချိန်တွေဟာ အိမ်ထောင်ပြုသင့်တယ့် အချိန်တွေမဟုတ်ပါဘူး။
၎ - အကောင်းဆုံးသူငယ်ချင်း
play

တစ်ကိုယ်တည်းဖြစ်နေတဲ့အချိန်မှာ သူငယ်ချင်းပေါင်းများစွာကို တွေ့နိုင်ပါတယ်။  အိမ်ထောင်ပြုတယ်ဆိုတာက အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ကို ရွေးချယ်လိုက်တာပါ။ ၂၀ ကျော်အရွယ်တွေမှာ သူငယ်ချင်းပေါင်း များစွာနဲ့ တွေ့ဆုံပြီး ၃၀ ကျော်အရွယ်ကျမှ အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ကို ရွေးချယ်သင့်ပါတယ်။
Photo & Source: Listicles Credit :duwun