Breaking News

ဥရောပကို ခြေမဆန့်ခင် အိန္ဒိယပြန်မယ့် ပရီယန်ကာချော်ပရာ

play

သူမရဲ့ပထမဆုံး ဟောလိဝုဒ်ဇာတ်ကား Baywatch ကို ရိုက်ကူးပြီးစီးခဲ့တဲ့အပြင် Quantico လို့အမည်ပေးထားတဲ့ အမေရိကန်ဒရမ်မာစီးရီးတစ်ခုကိုလည်း ရိုက်ကူးနေပါတယ်။
ပရီယန်ကာချော်ပရာဟာ သူမရဲ့ပထမဆုံး ဟောလိဝုဒ်ဇာတ်ကား Baywatch အတွက် ရုပ်ရှင်အဖွဲ့သားတွေနဲ့အတူ ဥရောပကို မသွားခင် ဒီဇင်ဘာလ ၂၁ ရက်ကစပြီး မွမ်ဘိုင်းကို ၁၂ ရက်သွားလည်မှာ ဖြစ်ပါတယ်။
play

ဘောလိဝုဒ်မင်းသမီးကနေ ဟောလိဝုဒ်မင်းသမီးဖြစ်လာတဲ့သူမဟာ ဆံကေသာနဲ့ဆိုင်တဲ့ ထုတ်ကုန်ပစ္စည်းတစ်ခုကို ကမ္ဘာတစ်ဝန်းလုံးမှာ ကြော်ငြာဖို့အတွက် လက်ခံထားတဲ့အပြင် အခြား ကြော်ငြာ ၆ ခုကိုလည်း လက်ခံထားတယ်လို့ သိရပါတယ်။
သူမဟာ မဂ္ဂဇင်း ၇ ခုရဲ့ မျက်နှာဖုံးအတွက်လည်း ဓာတ်ပုံရိုက်ကူးရဦးမှာ ဖြစ်ပါတယ်။
play

Source & Photos : Bollywood Credit :duwun