၂၀၁၆ အကယ်ဒမီနဲ့ပတ်သက်ပြီး အမျိုးသမီးဇာတ်ပို့၊ ဇာတ်ဆောင်ဆုတွေကို ပိုစိတ်ဝင်စားကြောင်း ဖွင့်ဟလာတဲ့ နန်းမြတ်ဖြိုးသင်း



၂၀၁၆ အကယ်ဒမီနဲ့ပတ်သက်ပြီး စီနီယာအစ်ကိုအစ်မတွေကိုပဲ သွားအားပေးမှာပါလို့ပြောပြလာတဲ့ နန်းမြတ်ဖြိုးသင်းက ခရီးသွားရာသီဖြစ်ပေမဲ့ ဇာတ်ကားရိုက်ကူးမှုတွေကြောင့် စီစဉ်ထားတဲ့ အပျော်ခရီးရော၊ Let’s Go အဖွဲ့နဲ့ပါလိုက်သွားခွင့်မရတဲ့အတွက် စိတ်မကောင်းဘူးလို့ဖွင့်ဟလာပါတယ်။ ခရီးသွာအကျိုးမပေးတဲ့အချိန်မို့လို့ခရီးသွားခြင်းထက် ကိုယ်ရိုက်ရမဲ့ ဇာတ်ကောင်တွေ ဇာတ်ကားတွေအပေါ်ပိုမိုအာရုံစိုက်နေတဲ့ နန်းမြတ်ဖြိုးသင်းနဲ့တွေ့ဆုံခိုက် သူမရဲ့လှုပ်ရှားမှုတွေကို မေးကြည့်တဲ့အခါ

"လက်ရှိမှာ ဒါရိုက်တာသြရသ ရိုက်ကူးနေတဲ့ အိမ်ကြက် ရုပ်ရှင်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။  နန်းမြတ် let’s go နဲ့လိုက်မသွားဖြစ်ဘူး။ ပထမနန်းမြတ်တို့စီစဉ်ထားတဲ့ရက်ထက် နည်းနည်းလေး နောက်ဆုတ်သွားတယ်။ အဲ့ဒီတော့ ဒီကားရိုက်နဲ့နည်းနည်းလေး ရက်ထပ်သွားတော့ နန်းမြတ်ဒီတစ်ခေါက် မလိုက်သွားဖြစ်ဘူး။ အမြဲတမ်း Let’s Go နဲ့လိုက်သွားနေကြဆိုတော့ ဒီတစ်ခါမလိုက်ရတာကို စိတ်မကောင်းပါဘူး။ ပထမစီစဉ်ထားတာက နန်းမြတ် အမျိုးတွေ သြစတြေးလျမှာရှိတော့ သွားလည်မလို့။ ဒါပေမဲ့ Let’s Go ရှိတော့ ကိုယ့်ခရီးစဉ်ကို တစ်လပိုင်းရွှေ့လိုက်တယ်။ Let’s Go ပါရွှေ့လိုက်တယ်။ ဒါပေမဲ့ အခုတစ်လပိုင်းကလဲ ကြယ် ဆိုတဲ့ကားကြီးဝင်သွားတော့ တစ်လပိုင်းလဲသွားလို့မရတဲ့အတွက် ခရီးသွားအကျိုးမပေးတဲ့အချိန်ပေါ့။ ကားရိုက်တွေပဲ ဆက်တိုက်ဖြစ်နေပါတယ်။"လို့ သူမက ပြောပါတယ်။

အိမ်ကြက်ဇာတ်ကားမှာပါဝင်ရတဲ့ ကာရိုက်တာနဲ့ New Year Night ဖြတ်သန်းမှုကိုတော့ ‘ ဒီကားထဲမှာနန်းမြတ်က တောသူမလေးရဲ့ကာရိုက်တာကနေသရုပ်ဆောင်ရပါတယ်။ ဒီကားက နေ့ရော၊ ညရောရိုက်နေတာဆိုတော့ New Year Night ကလဲ ရှုတင်နဲ့ပါပဲ။ ကံကောင်းရင်တော့ အဲ့ဒီညကိုနားရမယ်။ ကံမကောင်းရင်တော့ New Year Night တောင်ရှုတင်ရှိနိုင်ပါတယ်"တဲ့။

ဂီတနဲ့ပတ်သက်ပြီးတော့လဲ သူမက သူမရဲ့ အနုပညာလှုပ်ရှားမှုကို ခုလိုဖွင့်ဟသွားပါတယ်။ " ဂီတပိုင်းက နန်းမြတ် VeVe Anniversary အခွေမှာဆိုထားတယ်။ တစ်ကိုယ်တော်ကတော့ ၂၀၁၇ ထဲမှာတော့ ထွက်နိုင်အောင်ကြိုးစားမယ်။ သီချင်းအမျိုးအစားက အခုလောလောဆယ်ရသမျှကတော့ အဆွေးလေးတွေများနေတယ်။ နောက်ထပ်ရှာမဲ့ဟာလေးတွေကတော့ ရှိုးဆိုလို့ရမဲ့ဟာလေးတွေ ထပ်ရှာမယ်ပေါ့။ အချစ်ရေးနဲ့အဆွေးသီချင်းကမဆိုင်ဘူးပေါ့နော်။ တေးရေးတွေက ရေးပေးတာကိုကိုယ်က ယူတာဆိုတော့ အဆွေးသီချင်းကျတော့ ပရိသတ်တွေအနေနဲ့လဲ ခံစားရတာပိုကောင်းတယ်ပေါ့။ အဲ့ဒါကြောင့်ပါ။ အချစ်ရေးနဲ့တော့ မဆိုင်ပါဘူး။" လို့ ဆိုပါတယ်။

အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း သူမက "အချစ်ရေး ကဒီလိုပါပဲ။ နန်းမြတ်ကိုယ်တိုင်ကလဲ သိုသိုဝှက်ဝှက်နေတတ်တဲ့သူမျိုးဆိုတော့ သိပ်မပြောဖြစ်တာပါ။ သေချာပြီဆိုပရိသတ်ကြီးကိုသတိပေးမှာပါ။"တဲ့။

၂၀၁၆ အကယ်ဒမီပေးပွဲမှာ တစ်ကြိုပေးခြင်းခံနေရတဲ့ အနုပညာများအကြောင်းကိုတော့ "နန်းမြတ်ကတော့ အကြီးတွေ၊ စီနီယာတွေကိုသွားအားပေးမှာပါ။ အကယ်ဒမီရသွားတဲ့သူတွေဆိုရင်လဲဒီနေရာမှာဘာလို့ပေးလိုက်တာလဲဆိုတာကိုသွားလေ့လာဖို့ပဲရှိတာပါ။ ဒီနှစ်ကတော့ မသက်မွန်လဲကြားတယ်။ မကစ်လဲကြားတယ်။ မင်းသားထဲကတော့ သိပ်မသိဘူး။ ကိုယ်က မင်းသမီးပိုင်းပဲ စိတ်ဝင်စားတယ်။" လို့ပြောပါတယ်။

Credit :Trend Myanmar


Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.