ကောင်လေးတစ်ယောက်ကို ဆွဲဆောင်နည်း (၈) နည်း

play

၁ - သူ့လမ်းကြောင်းမှာ ရှိနေ
 ကောင်လေး တစ်ယောက်ကို သင်တကယ်ကြိုက်နေတယ်ဆိုရင် သူကလည်း သင့်ကို ကြိုက်တယ်လို့သာတွေးထားပါ။  သူနဲ့ သိ၊ခင်ဖို့၊ရင်းနှီးဖို့ ကိုယ့်ဘက်က စတာမျိုးမလုပ်ပါနဲ့။ ဒါပေမဲ့ သူ့အကြိုက် သူ့ပုံစံ သူ့ဘဝနေထိုင်မှု ပုံစံထဲ ကိုယ်က ရောက်နေတယ့် ပုံစံမျိုးဖမ်းပါ။ သူကြိုက်တယ့် စာရေးဆရာတစ်ယောက်၊ အဆိုတော်တစ်ယောက်လောက်ကို ကောင်းကောင်းလေ့လာပြီး ကြွယ်လို့ရပါတယ်။ ဘောလုံးခရေဇီဆိုရင် ပိုတောင် လွယ်ပါသေးတယ်။
၂- -သူရယ်အောင်လုပ်
လူတိုင်းဟာသကြိုက်ပါတယ်။ ရယ်ရတာ နှစ်သက်ပါတယ်။ ကောင်လေးတစ်ယောက်ကို သင်ရယ်အောင်လုပ်နိုင်တယ်ဆိုရင်တော့ ဘာမဆို ဒီကောင်လေးကို ခိုင်းလို့ရပါပြီ။
play

၃ - အပိုတွေမများနဲ့
ယုံကြည်ချက်ရှိတဲ့ မိန်းကလေးတစ်ယောက်ကို ယောက်ျားလေးတိုင်းကြိုက်ပါတယ်။  ဒါပေမဲ့ ယုံကြည်ချက်လွန်ပြီး အပိုတွေဖြစ်နေတာကိုတော့ ဘယ်သူမှ မကြိုက်ပါဘူး။ သူအနားမှာရှိနေတဲ့အချိန် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေပဲ ဆက်ဆံပါ။ ရင့်ကျက်ပါ။
၎ - ရဲရဲဝံ့ဝံ့ရှိ
သူနဲ့ တစ်ခါလောက်မျက်လုံးချင်းဆုံကြည့်ဖို့၊ သူမျက်လုံးတွေကို စိုက်ကြည့်ဖို့ မဝံရဲစရာအကြောင်းမရှိပါဘူး။ အပြုံးဖော့ဖော့လေးတစ်ခုပါရင် ပိုကောင်းပါတယ်။
play

၅ - ပါးနပ်
အခြေအနေတစ်ခုကို သူဘက်ကစတင်ဖို့ အခွင့်အရေးပေးပါ။
၆ - သူပြောပါစေ
သင်နဲ့စကားပြောဖြစ်ရင် သူပြောချင်နေတာတွေကို ပြောဖြစ်အောင် လမ်းဖွင့်ပေးပါ။  သူ့ကို များများပြောခိုင်းပါ။
play

၇ - အနံ့
သူနဲ့တွေ့ဖို့ ရှိတယ်ဆိုရင် ခေါင်းလျှော်သွားတာမျိုး ရေမွှေးသုံးတာမျိုးလုပ်ပါ။ သင့်ကို ဒီအနံ့နဲ့တွဲပြီး အမြဲမှတ်မိနေပါလိမ့်မယ်။
၈ - ပညာသုံး
မမျှော်လင့်ဘဲ မျက်လုံးချင် ဆုံမိတာ တကယ်ကြည်နူးစရာပါ။ ဒါပေမဲ့ တမင်တကာ ဆုံမိအောင်ဖန်တီးလိုက်တာကလည်း အလုပ်ဖြစ်ပါတယ်။ သင် သူ့ကို ခိုးကြည့်နေကြောင်း သူသိသွားအောင်လုပ်ပါ။ သူသိသွားတာကို ကိုယ်ကလည်း ရိပ်မိတယ်ဆိုတာ သူဘက်ကလည်း သိပါစေ။
play

Source: Listicles
Photo Source: Getty Image  Credit :duwun
Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.