၁၉ နှစ်အရွယ်မှာ အဓမ္မကျင့်ခံခဲ့ရပြီးနောက် စိတ်ဒဏ်ရာရခဲ့တယ်လို့ဆိုတဲ့ လေဒီဂါဂါ

play

"စိတ်ဝေဒနာခံစားခဲ့ရတယ်။ စိတ်မချမ်းမြေ့စရာအတွေ့အကြုံကြောင့် စိတ်ဒဏ်ရာရခဲ့တယ်" လို့ နယးယော့ခ်က ဂေးလူငယ်များအတွက် ဖွင့်လှစ်ထားတဲ့ အိမ်ခြေမဲ့ဂေဟာကို လည်ပတ်ရင်း ပြောပြခဲ့ပါတယ်။
"ဒီအကြောင်းကို အရင်က ဘယ်သူ့ကိုမှ ကျွန်မ မပြောခဲ့ဖူးဘူး" လို့ အသက် ၃၀ နှစ်အရွယ် လေဒီဂါဂါက ဆိုပါတယ်။
play

လေဒီဂါဂါဟာ ဆယ်ကျော်သက်အရွယ်မှာ အဓမ္မကျင့်ခံရဖူးကြောင်း လွန်ခဲ့တဲ့ ၂ နှစ်က ရေဒီယိုအင်တာဗျူးတစ်ခုမှာ ဖွင့်ဟခဲ့ဖူးပါတယ်။
"ဆရာဝန်တွေ၊ ကျွန်မမိသားစုနဲ့ ကျွန်မသူငယ်ချင်းတွေရဲ့ ကြင်နာမှုက ကျွန်မရဲ့ဘဝကို ကယ်တင်ခဲ့တာပါ" လို့ ယင်းဂေဟာက လူငယ်တွေအတွက် လက်ဆောင်တွေအများကြီး သယ်လာခဲ့တဲ့ လေဒီဂါဂါက ဖွင့်ဟခဲ့ပါတယ်။
play

နေ့စဉ် ခံစားနေရတဲ့ စိတ်ဝေဒနာကို တရားထိုင်ခြင်းနဲ့ ဖြေဖျောက်တယ်လို့လည်း လေဒီဂါဂါက ပြောပြခဲ့ပါတယ်။
ယင်းအင်တာဗျူးပြီးနောက် လေဒီဂါဂါဟာ "ဒီနေ့ ကျွန်မရဲ့ အကြီးမားဆုံး လျှို့ဝှက်ကြီးကို ကမ္ဘာကို မျှဝေလိုက်တယ်။ လျှို့ဝှက်ချက်တွေက လူကို နေမကောင်းဖြစ်စေတယ်" လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။
Source & Photos : BBC  Credit :duwun
Share on Google Plus

About Myanmar Magazine