ဒီရာသီဖွား (၆) ယောက်နဲ့ အရက်အတူသောက်မယ်ဆို သတိကြီးကြီးထားဖို့လို



တစ်ချို့သူငယ်ချင်းတွေနဲ့ အရက်သောက်ရင် စကားတွေ အမျှင်မပြတ်ပြောပြီး ပျော်စရာကောင်းတာမျိုး ရှိသလို သွေးဆိုးတဲ့ သူငယ်ချင်းမျိုးနဲ့အတူသောက်ရင် အဲ့ဒီညကတော့ ပြသနာတစ်ခုခု ဖြစ်ကိုဖြစ်မှာ သေချာတယ်ဆိုတာမျိုး ကြိုတင်သိနေသလိုပါပဲ။ သင့်သူငယ်ချင်းတွေထဲမှာ အရက်ကလေး ၀င်သွားတာနဲ့ ထိန်းလို့မရသိမ်းလို့မရ ဖြစ်တဲ့ သူငယ်ချင်းတွေရှိတယ်ဆိုရင် အဲ့ဒီလူတွေဟာ ခုပြောပြမယ့် ရာသီဖွားတွေလားဆိုတာ တစ်ချက် ပြန်စဉ်းစားကြည့်လိုက်ပါ။ သူတို့နဲ့သောက်မယ်ဆိုရင် သတိကြီးကြီးထားမှတော့ အဆင်ပြေပါလိမ့်မယ်။ ခုပြောပြမယ့် ရာသီခွင်ဖွား (၆) ဦးဟာ အခြားရာသီခွင်ဖွားတွေထက် အရက်သောက်တဲ့အခါ တစ်ခုမဟုတ်တစ်ခု ပြသနာဖြစ်စေတဲ့သူတွေပါပဲ။

၁။ Aries မိဿ      ရာသီဖွား (မတ်လ ၂၁ - ဧပြီ ၁၉)
မိဿ      ရာသီဖွားတွေကတော့ ခန့်မှန်းရခက်တဲ့လူတွေပါပဲ။ သူ့ကိုကြည့်လိုက်ရင် သောက်နိုင်လား၊ မသောက်နိုင်ဘူးလား ခန့်မှန်းလို့မရပါဘူး။ အစပိုင်းက မသောက်နိုင်သလိုလိုနဲ့ ပါလာတဲ့ တစ်ပုလင်းလုံး သူချည်းသောက်ရင် သောက်သွား တတ်ပါတယ်။ ဒီရာသီဖွား အရက်မူးလာပြီဆိုရင် သူနဲ့အတူရှိနေတဲ့သူတွေအားလုံးကို ပေါက်တတ်ကရတွေလုပ်ဖို့ စတင် ဆွဲဆောင်တော့တာပါပဲ။ ကားလျှောက်မောင်းတာမျိုးတွေ၊ ဒီညအိမ်မပြန်ပဲ တစ်အိမ်အိမ်မှာ စုအိပ်ဖို့ အတင်းဇွတ်ခေါ်တာမျိုးတွေ၊ ညတွင်းချင်း ခရီးသွားဖို့ အားလုံးကို ခေါ်တာမျိုးတွေ လုပ်တတ်ပါတယ်။

၂။ Cancer ကရကဋ်ရာသီဖွား  (ဇွန် ၂၁ - ဇူလိုင် ၂၂)
ဒီရာသီဖွားကတော့ အရက်ကလေး ၀င်ပြီဆို ငိုချင်သလိုလို၊ ရယ်ချင်သလိုလိုနဲ့ စိတ်ခံစားချက်တွေ အမျိုးမျိုး ဖြစ်နေတတ်ပါတယ်။ အခြေအနေတော်တော်များများမှာ ဒီရာသီဖွားတွေဟာ သူတို့ခံစားချက်တွေကို ထိန်းချုပ်နိုင်လေ့ ရှိပါတယ်။ ဒါပေမယ့် သောက်လိုက်ပြီဆိုရင်တော့ ခံစားချက်တွေ ပွင့်အန်ထွက်လာတော့တာပါပဲ။ တစ်ခွက်လောက် သောက်ပြီး သူ့ကြည့်ရတာ စိတ်ခံစားချက်ပြင်းထန်လာတဲ့ ပုံမျိုးဆိုရင် ကျိန်းသေတာက နောက်နှစ်ခွက်လောက် သောက်ပြီးရင်တော့ သူ့ရင်ထဲ ဘာတွေခံစားနေရတယ်ဆိုတာ အိတ်သွန်ဖာမှောက် အကုန်ပြောတော့တာပါပဲ။ အဲ့ဒီအချိန် စားသောက်ဆိုင်၊ ဘားတွေမှာ ဖွင့်ထားတဲ့သီချင်းသံတွေလည်း သူမကြားရတော့ပါဘူး။ ဒီတော့ ဖြစ်နိုင်ရင် သူ့ဘေးမှာ တစ်ချိန်လုံးထိုင်ပြီး နှစ်သိမ့်မယ့်အစား အခြားသူငယ်ချင်းတွေလို ပျော်ပျော်နေလိုက်ပါ။ မဟုတ်ရင် ကိုယ်ပါ မပျော်ရပဲ နေသွားပါလိမ့်မယ်။ သူ့အတွက်လည်း စိတ်ပူစရာ မလိုပါဘူး။ ဘာလို့လည်းဆိုတော့ ဒီရာသီဖွားတွေဟာ အချိန်တိုအတွင်း ပုံမှန်အခြေအနေကို ပြန်ရောက်သွားနိုင်လို့ပါပဲ။

၃။ Leo သိဟ်ရာသီဖွား (ဇူလိုင်လ ၂၃ ရက် - သြဂုတ်လ ၂၂ ရက် )
သိဟ်ရာသီဖွားတွေဟာ ဂိမ်းတစ်ခုခုဆော့ပြီး ရှုံးတဲ့သူ အရက်သောက်ကြေးသဘောမျိုး ဆော့ရတာ အတော့် ကိုနှစ်ခြိုက်ပါတယ်။ ဒါမှ ဘယ်သူက ဘယ်လိုလူမျိုးလဲဆိုတာ သိမှာဆိုတဲ့ စိတ်မျိုး သူတို့မှာ ရှိတတ်ပါတယ်။ ဒီရာသီဖွားတွေနဲ့ အတူဒီလိုဂိမ်းမျိုးဆော့ရင် သူနိုင်နေရင် ကိစ္စ မရှိပေမယ့် သူရှုံးလို့ ဆက်တိုက်သောက်လာရရင်တော့ ဒီဂိမ်းကို မဆော့တော့ပဲ တခြားပြောင်းဆော့ရင်ဆော့၊ မဟုတ်ရင်လည်း စကားဝိုင်းဖွဲ့ပြောတာမျိုး လုပ်ပေးတာ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ သိဟ်ရာသီဖွားတွေဟာ စိတ်တိုလွယ်၊ဒေါသထွက်လွယ်ပြီး သူတို့ မပျော်တော့ဘူးလို့ ခံစားရတာနဲ့ ပါတီကိုပါဖျက်ပစ်တဲ့အထိ သောင်းကျန်းတတ်လို့ပါပဲ။

၎။ Scorpio ဗြိစ္ဆာရာသီဖွား ( အောက်တိုဘာလ ၂၃ ရက် - နိုဝင်ဘာလ ၂၁ ရက် )
ဒီရာသီဖွားကျတော့ တစ်မျိုးပါ။ သူက အရက်ကလေး ၀င်သွားပြီဆိုရင် ဘယ်သူ့ကို အီစီကလီလုပ်ရမလဲ၊ ဘယ်သူနဲ့ နမ်းရမလဲ၊ ဘယ်သူ့ဆီက အထိအတွေ့လေး ရမလဲရှာနေတာများပါတယ်။ အဲ့ဒီလိုအချိန်မျိုးဆို  ဒီရာသီဖွားတွေဟာ နောက်တစ်ခါ မတွေ့နိုင်တော့ဘူးလို့ ထင်တဲ့သူတွေနဲ့ အီစီကလီ လုပ်တတ်ပါတယ်။ ဒီလူနဲ့ နောက်နေ့ ပြန်တွေ့ဖို့၊ ဒိတ်လုပ်ဖို့တော့ စိတ်မ၀င်စားတတ်ကြပါဘူး။

၅။Sagittarius ဓနုရာသီဖွား ( နိုဝင်ဘာလ ၂၂ ရက် - ဒီဇင်ဘာလ ၂၁ ရက် )
ဓနုရာသီဖွားတွေဟာ သာမာန်အချိန်တွေမှာ တာဝန်ကျေပြီး ပျော်ပျော်နေတတ်သူတွေပါ။ ဒါပေမယ့် အရက်မူးလာပြီ ဆိုရင်တော့ သူတို့စိတ်ထဲလုပ်ချင်တာတွေအားလုံး လုပ်ချပစ်တတ်တဲ့ သူမျိုးတွေပေါ့။ သူလုပ်လိုက်တဲ့အရာဟာ ဆိုးလား၊ ကောင်းလားဆိုတာလည်း မခွဲခြားနိုင်တော့ပါဘူး။ ဒီ ဓနုရာသီဖွားတွေဟာ အရက်မူးလာတဲ့အခါ ဘီယာတစ်ဂျားကို တစ်ခြိုက်တည်း သောက်ပြတာမျိုး၊ အကျီတွေချွတ်ပြပြီး ငါ့ကို ဘယ်သူလာထိ ချင်လဲဆိုပြီး ပေါက်တတ်ကရတွေ လုပ်တာမျိုး၊ လူတွေ မထင်မှတ်ထားတာတွေ ထလုပ်ပြတတ်ကြပါတယ်။ နောက်နေ့ဆိုရင်တော့ ဒါတွေလုပ်ခဲ့မိလို့ နောင်တအကြီးအကျယ် ရနေတတ်တဲ့ လူစားမျိုးတွေပါပဲ။

၆။ Aquarius ကုံရာသီဖွား ( ဇန်န၀ါရီလ ၂၀ ရက် - ဖေဖော်ဝါရီလ ၁၈ ရက် )
ကုံရာသီဖွားတွေကတော့ အရိုးသားဆုံး အရက်သမားတွေလို့ ဆိုရပါလိမ့်မယ်။ ဒါပေမယ့် သူတို့အရက်မူးပြီး ရိုးသားစွာ ပြောဆိုလိုက်တာတွေက တစ်ဖက်လူတွေအတွက်တော့ ခံရခက်တဲ့ အရာတွေ ဖြစ်သွားတတ်ပါတယ်။ အရင်အချိန်တွေဆို ကုံရာသီဖွားတွေဟာ သူငယ်ချင်းဆက်ဆံရေး၊ အချစ်ရေးစတာတွေနဲ့ ပတ်သက်ပြီး အမှန်အတိုင်း ပြောဆိုတတ်တဲ့အပြင် သူတို့တစ်ခုခု မှားလုပ်မိရင်လည်း အမှားကို ၀န်ခံတတ်ကြပါတယ်။ သူတို့မူးလာပြီဆိုရင်လည်း အမှန်အတိုင်းပဲ ပြောတတ်ပါတယ်။ ဒါပေမယ့် အဲ့ဒီအမှန်တရားဆိုတာက "နင်မိတ်ကပ်တွေ ဘာလို့ အဲ့လောက်လိမ်းလာရတာလဲ"တို့၊ "နင်ဟိုတစ်ယောက်နဲ့ အီနေတာ ငါသိတယ်နော်'တို့၊ "နင်ငါ့ကို တခြားသူတွေကို မပြောဖို့ လျှို့ဝှက်ခိုင်းထားတာတွေ ပြောချလိုက်ရမလား"တို့ စတာတွေ လုပ်လာတတ်ပြီး ဒီအချိန်မှာဒါတွေပြောသင့်မပြောသင့် စဉ်းစားချင့်ချိန်နိုင်စွမ်းတွေ မရှိတတ်တော့ပါဘူး။

ကဲ သင်နဲ့အတူ သောက်နေကျ သူငယ်ချင်းတွေမှာ ဒီရာသီဖွားတွေ ပါနေပြီလား။ 



Credit :Trend Myanmar



Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.