Breaking News

ခန္ဓာကိုယ်ရေဓာတ်ခန်းခြောက်တဲ့အချိန် အသိပေးမယ့် ကိရိယာ



ကျန်းမာရေးနဲ့ညီအောင် ချင့်ချိန်စားသောက်ခြင်း၊ ခန္ဓာကိုယ်သန့်စင်မှုပြုလုပ်ခြင်းစတဲ့ အစီအစဉ်တိုင်းမှာ ဘုံတူညီတဲ့အချက်တစ်ခု ရှိပါတယ်။ ရေသောက်ခြင်းရဲ့အရေးပါမှုကို အဓိကထားကြတာပါ။ ဒီတော့ ရေတွေ ပိုသောက်ဖြစ်အောင် ရေဘူးဆောင် သို့မဟုတ် မိမိဘေးနားမှာ ရေခွက်ထားကြရပါတယ်။ ဒါပေမယ့် အလုပ်များတဲ့အချိန်မှာ အဲဒီခွက်/ ရေပုလင်းတွေ ယူသောက်ဖို့ မေ့မိကြပါတယ်။ ခုတော့ မေ့မရတော့ပါဘူး။ Fitbit က ကျွန်ုပ်တို့အားလုံးကို နေ့ဘက် မပြတ်လှုပ်ရှားဖြစ်အောင် နိုးဆော်သကဲ့သို့ ဒီ LVL အချက်ပေးကိရိယာက သင့်ကို ရေသောက်မပြတ်အောင် သတိပေးပါလိမ့်မယ်။

ယင်းအချက်ပေးကိရိယာက  သင့်ချွေးထွက်မှုနှုန်းကို အချိန်နဲ့တပြေးညီ စောင့်ကြည့်ပေးပါတယ်။ ပြီးတော့ ရေသောက်ဖို့ လိုအပ်တဲ့ အောင်စကို အတိအကျ တွက်ချက်ပေးမှာ ဖြစ်ပါတယ်။ ဒီနည်းဖြင့် သင် ရေဓာတ်ဆုံးရှုံးမှုဖြစ်ပေါ်ပါက သောက်သင့်တဲ့ ရေပမာဏကို အတိအကျသိရမှာ ဖြစ်ပါတယ်။

LVL က ခန္ဓာကိုယ်ရေဓာတ်ပမာဏ စောင့်ကြည့်ရန် အသုံးပြုတဲ့ ပထမဦးဆုံးလက်ပတ်သတိပေး ကိရိယာဖြစ်ပါတယ်။ သင့်ရေဓာတ်ပမာဏ လျှော့နည်းနေကြောင်း၊ ရေသောက်သုံးသင့်နေပြီဖြစ်ကြောင်း လျှပ်စစ်တုန်ခါမှုဖြင့် အသိပေးပါလိမ့်မယ်။ နှလုံးခုန်နှုန်း၊ လှုပ်ရှားမှု၊ အိပ်စက်မှုပုံစံ၊ ကယ်လိုရီနဲ့ စိတ်စားချက်တွေ သိစေမယ့် ထူးခြားကောင်းမွန်တဲ့ လုပ်ဆောင်ချက်လေးတွေလည်း ပါဝင်ကြောင်း သိရပါတယ်။  

Credit :Trend Myanmar