အင်တာဗျူးနဲ့ လက်သည်းအလှ



လူတစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်တဲ့အခါ လက်တွေကလည်း အရေးပါပါတယ်။ ကျွန်မတို့ရဲ့လက်တွေကို အရာဝတ္ထုတွေကို ညွှန်ပြဖို့နဲ့ အခြေခံMessageတွေပေးဖို့ သုံးလေ့ရှိကြပါတယ်။ လက်တွေက ညစ်ပတ်ပြီး သန့်ရှင်းသပ်ရပ်မနေဘူးဆိုရင် ကိုယ့်ရဲ့Image Roll ကျနိုင်ပါတယ်။ အထူးသဖြင့်၊အင်တာဗျူးသွားဖြေတဲ့အခါမျိုးတွေမှာပေါ့။ သင်က ဘာမှမသိဘူး ဆိုရင်တောင်မှ သင့်ရဲ့လက်ချောင်းတွေရဲ့အလှက တစ်ဖက်လူကို အာရုံပြောင်းနိုင်တဲ့အထိ လွှမ်းမိုးနိုင်ပါတယ်။ ဆေးတွေကွာနေတဲ့ လက်သည်းအလှကို ဘယ်သူကမှ နှစ်မြို့မယ်မထင်ပါဘူး။ ကဲ ဒါဆို အင်တာဗျူးသွားဖြေတဲ့အခါ ဘယ်လိုလုပ်သွားရမလဲဆိုတာ မရှိမဖြစ်သိဖို့တော့လိုအပ်လာပါပြီနော်။

ဒါက လုံးဝအတိအကျတော့မဟုတ်ပေမယ့် သင့်ရဲ့လက်သည်းအရောင်ရွေးခြယ်မှုကလည်း တင်ပြချက်တစ်ခုဆိုရင် မမှားပါဘူး။ အရောင်တစ်ရောင်တည်းကိုပဲ ရွေးချယ်ဖို့မဟုတ်ပါဘူး။ သင် သွားဖြေမယ့်အင်တာဗျူးနဲ့ကိုက်ညီမယ့် အရောင်ကိုလည်းရွေးချယ်တတ်ဖို့ လိုအပ်ပါသေးတယ်။

Creative
သင်တကယ်ကိုကံကောင်းတာပါပဲ။ Creative Positionက Creativeဖြစ်တဲ့သူတွေကိုပဲ ရွေးချယ်လေ့ရှိပြီး သင်ကြိုက်တဲ့လက်သည်းနီ ဘယ်အရောင်မဆို ဆိုးလို့ရပါတယ်။ နောက်တစ်ခုမှတ်ထားရမှာကတော့ glitterပါတာတွေက ပိုပြီးငယ်ရွယ်တယ်လို့ ထင်စေရတာကိုပါပဲ။

Corporate
ဒီအဆင့်မှာတော့ ပိုပြီး Formal ကျတာမျိုးကို ရွေးလေ့ရှိပြီး ဇီးရောင်၊သစ်တောစိမ်းရောင်နဲ့ မီးခိုးရောင်လို အရောင်မှိုင်းတွေ ဆိုးသင့်ပါတယ်။ ဒါမှမဟုတ် အသားရောင်နဲ့ပန်းရောင်ညစ်ညစ်တွေလည်း ရွေးချယ်လို့ရပါတယ်။ နည်းနည်းတောက်မယ့် အရောင်ထဲကဆိုရင် Classicဖြစ်တဲ့ အနီမျိုးရွေးသင့်ပြီး သင်ရဲ့အမှန်တကယ် အင်တာဗျူးကနေ Attentionကို ဆွဲဆောင်နိုင်မယ့်အရောင်တောက်တွေလည်း သုံးလို့ရပါသေးတယ်နော်။

Health care
NHS guidanceတွေကတော့ လက်သည်းတွေ အတိုဖြစ်ပြီး သန့်ရှင်းနေရမယ်လို့ဆိုပေမယ့် ကျန်းမာရေးနဲ့ပတ်သက်တဲ့ ပညာရှင်တွေ တ၀က်လောက်က လက်သည်းနီတော့ ဆိုးလေ့ရှိကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်က ဆိုးချင်ရင် သဘာဝအသားရောင်နဲ့ အကြည်ရောင်မျိုးကိုပဲ ဦးစားပေးဆိုးသင့်ပြီး အဲဒါက သင့်ကို Professional ဆန်တယ်လို့ ယူဆစေမှာဖြစ်ပါတယ်။

Business casual
Causalဖြစ်တဲ့အတွက် ယူနီဖောင်းတွေနဲ့ လုပ်ငန်းပိုင်းတွေ ပါဝင်လာပါပြီ။ ဒါကြောင့် လူငယ်ဆန်ဆန် ပန်းရောင်တောက်တောက်နဲ့ အပြာရောင်တွေကို ဝေးဝေးမှာထားလိုက်ပါ။ တည်ငြိမ်ပြီး အဆင့်တန်းမြင့်မယ့် အရောင်ငြိမ်ငြိမ်တွေကိုပဲ ဦးစားပေးစဉ်းစားပါ။


Credit :Trend Myanmar


Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.