ဂျွန်နီဒပ်က ကွာရှင်းမှုအတွက် ပေးရမယ့်ငွေကို မပေးသေးလို့ အမ်ဘာဟတ်တရားစွဲ

play

ဂျွန်နီဒပ်ဟာ အမ်ဘာဟတ်နဲ့ ကွာရှင်းမှုအတွက် ပိုင်ဆိုင်မှုထဲက ဒေါ်လာ ၇ သန်း ခွဲဝေပေးဖို့ ရှိပေမဲ့ အခုထိ မပေးရသေးတဲ့အတွက် အမ်ဘာဟတ်က တရားရုံးကို လျှောက်ထားခဲ့ပါတယ်။
ဟောလိဝုဒ်မင်းသမီး အမ်ဘာဟတ်ကို Pirates of the Caribbean မင်းသား ဂျွန်နီဒပ် ဒေါ်လာ ၇ သန်းပေးဖို့ သြဂုတ်လအတွင်းက သဘောတူညီခဲ့ပြီး အမ်ဘာဟတ်က အဲဒီငွေကို သူမက လှူဒါန်းမယ်လို့လည်း ပြောခဲ့ပါတယ်။
play

ဒါပေမဲ့ အခု ဂျွန်နီဒပ်က အဲဒီငွေတွေကို မပေးသေးဘူးလို့ အမ်ဘာဟတ်ရဲ့ရှေ့နေအဖွဲ့က စွပ်စွဲပြီး လော့ဆန်းဂျလိစ် တရားရုံးချုပ်ကို လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။
ယင်းငွေအပြင် ကုန်ကျစရိတ်စုစုပေါင်း ဒေါ်လာ ၃၅,၄၃၅ ကိုလည်း တောင်းဆိုထားပြီး ဂျွန်နီဒပ်ဟာ ပိုင်ဆိုင်မှုခွဲဝေရန်၊ Range Over တစ်စီးကို အမ်ဘာရဲ့နာမည်နဲ့ လွှဲပြောင်းရန်နဲ့ သူပိုင်ဆိုင်တဲ့ ဘဟားမားကျွန်းကနေ အမ်ဘာရဲ့ပစ္စည်းတွေကို ပို့ပေးရန်အပါအဝင် အခြား လိုက်နာရမယ့်အချက်အလက်အများကို လိုက်နာဖို့ ပျက်ကွက်ကြောင်း ယင်းရှေ့နေများက ဆိုထာပါတယ်။
play

ပထမဆုံး ဒေါ်လာ နှစ်သိန်းကို ပရဟိတအသင်းအဖွဲ့ဆီ တိုက်ရိုက်လှူဒါန်းဖို့ သဘောတူညီချက်ကိုလည်း ဂျွန်နီဒပ်က ချိုးဖောက်ကြောင်း အမ်ဘာဟတ်ကိုယ်တိုင် စာရေးသားပြီး စွပ်စွဲထားပါတယ်။
နောက်ဆုံးဖြစ်ခဲ့တဲ့ သူတို့နှစ်ဦးရဲ့ရန်ပွဲအကြောင်းကို လျှို့ဝှက်ထားမယ်ဆိုတဲ့ သဘောတူညီချက်ကို အမ်ဘာဟတ်က ချိုးဖောက်တယ်လို့ ဂျွန်နီက ယူဆတဲ့အတွက် ငွေတွေကို မပေးခြင်းဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
Source & Photos : Mirror Credit :duwun  
Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.