အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေတဲ့ အရာ (၅) ခု


play

တစ်နေ့တာပင်ပန်းမှုတွေကို အိပ်စက်ခြင်းနဲ့ အပန်းဖြေပြီးမှ အားအင်သစ်တွေ ပြန်လည်ရယူရပါတယ်။ ကောင်းကောင်းမွန်မွန် မအိပ်ရရင်လည်း လူက လန်းဆန်းနေတော့မှာ မဟုတ်ပါဘူး။ အိပ်ရေးမဝခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေ မခံစားရအောင် အိပ်စက်ခြင်းနဲ့သက်ဆိုင်တဲ့ အကြောင်းအရာအချို့ကို ဖော်ပြလိုက်ပါတယ်။
၁။ ပူရှိန်းအေးမြစေတဲ့ မျက်နှာသစ်ဆေးနဲ့ အိပ်ခါနီး မျက်နှာသစ်လိုက်တဲ့အခါ လူက လန်းဆန်းသွားလို့ တော်ရုံနဲ့ အိပ်မပျော်တော့ပါဘူး။
၂။ အယ်လ်ကိုဟောက နှစ်ခြိုက်စွာအိပ်စက်မှုကို အကြီးအကျယ် နှောင့်ယှက်တဲ့အရာပါ။ အိပ်ခါနီး တစ်ခုခုသောက်ချင်ရင်တော့ ချယ်ရီသီးဖျော်ရည်လိုမျိုးကို ရွေးပါ။
play

၃။ အိပ်ချိန် အရမ်းစောလွန်းတာလည်း မကောင်းပါဘူး။ ၈ နာရီထက် စောပြီး မအိပ်သင့်သလို ၁၂ နာရီထက်လည်း နောက်မကျပါနဲ့။
၎။ အောက်ပိုင်းမှာ ဝတ်ဆင်ထားတဲ့ ဘောင်းဘီ၊ ခြေအိတ်တို့က တင်းကျပ်လွန်းရင်လည်း တော်တော်နဲ့ အိပ်မပျော်နိုင်ပါဘူး။ သက်တောင့်သက်သာရှိတဲ့ အဝတ်ကို ဝတ်ပြီး အိပ်ပါ။
play

၅။ အိပ်ခါနီးမှာ လေ့ကျင့်ခန်း အပြင်းအထန်လုပ်တာမျိုးလည်း ရှောင်ရပါမယ်။ လေ့ကျင့်ခန်းလုပ်ပြီးရင်လည်း ရေချိုးပြီး ခန္ဓာကိုယ်အပူချိန် လျော့ကျသွားမှ ကောင်းကောင်းအိပ်နိုင်ပါလိမ့်မယ်။
Source : Healthworth  
Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.