သက်ငယ်မုဒိန်းမှုဟာ ပြစ်မှုကြီးဖြစ်တဲ့အတွက် သေဒဏ်ပေးသင့်ကြောင်း ခင်ဝင့်ဝါတောင်းဆို



လက်ရှိမှာအောင်မြင်နေတဲ့ oppo စီးရီးတွဲလေးမှာ ပါဝင်ရိုက်ကူးထားတဲ့သူမကတော့ ခင်ဝင့်ဝါပါ။ သူမဟာ ခုနောက်ပိုင်းမှာ ရုံတင်ကားတွေပိုမိုအရိုက်များနေသလို အရင်ကထက် ဇာတ်လမ်းရော၊ ကာရိုက်တာပါရွေးချယ်ဖြစ်တယ်လို့လည်း သူမက ဆိုပါတယ်။ သူမဟာ ဒီဇင်ဘာလထဲမှာလဲ ရှန်ဟိုင်းကိုမိသားစုနဲ့အတူအလည်အပတ်သွားဖို့ရှိတဲ့အတွက် ခုလက်ရှိ သရုပ်ဆောင်နေတဲ့ အော်ရီဂျင်နယ်ဂိုဏ်းစတား ၃ ရိုက်ကွင်းကို သွားရောက်တွေ့ဆုံဖြစ်တဲ့အခါ

-အခုရိုက်နေတဲ့ကားလေးအကြောင်းကိုပြောပြပေးပါဦး။

အခုရိုက်နေတာက အော်ရီဂျင်နယ်ဂိုဏ်းစတား ၃ပါ။ ကိုယုန်လေးပါမယ်။ ကိုမြင့်မြတ်ပါမယ်။ ညီမပါမယ်။ နန်းခင်ဇေယျာပါပါမယ်။ ဇာတ်လမ်းပုံစံနဲ့ကာရိုက်တာကတော့ ရုံတင်မှပဲစောင့်ကြည့်ကြပါလို့။ အရှေ့ကကားတွေလိုပဲဆိုပေမဲ့ မတူညီတဲ့ ဇာတ်လမ်းကာရိုက်တာမျိုးကိုရိုက်သွားမှာပေါ့။

-လက်ရှိလူမှုကွန်ယက်ပေါ်မှာဖြစ်ပျက်နေတဲ့သက်ငယ်မုဒိန်းမှုတွေနဲ့ပတ်သက်ပြီး ဘယ်လိုစိတ်ခံစားချက်ဖြစ်မိလဲ။

ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာက ဒီအမှုတွေက အရမ်းများနေတယ်ပေါ့။ စိတ်မကောင်းဘူး။ လူတစ်ယောက်က တစ်ခဏမှာဖြစ်တဲ့ စိတ်ဆန္ဒကြောင့် လူတစ်ယောက်ကိုကျူးလွန်လိုက်တယ်ဆိုပေမဲ့ ဒီကောင်မလေးရဲ့ဘ၀ကတစ်ဘ၀လုံးနလန်မထူနိုင်လောက်အောင်ကို အကျည်းတန်သွားပြီ။ သူအသက်ရှင်နေတဲ့ကာလမှာ ခန္ဓာကိုယ်သာအသက်ရှိနေတာ ဘ၀ဆုံးသွားတယ်ဆိုတဲ့ ခံစားချက်ကြီးကသူနဲ့ထပ်တူဝမ်းနည်းတယ်။ ဒီလိုမျိုးပြစ်မှုကျူးလွန်တဲ့သူတွေကိုလဲ ထိထိရောက်ရောက်ဖြစ်စေချင်တယ်။ ပြီးတော့ ကလေးတွေကိုလဲ ဒီလိုမျိုးမဖြစ်အောင် အုပ်ထိန်းသူအနေနဲ့လဲကာကွယ်သင့်တယ်လို့ညီမထင်တယ်။ အဓိကကတော့ အကုန်လုံးက၀ိုင်းဝန်းပြီးလုပ်မယ်ဆိုရင်ဒီ သက်ငယ်မုဒိန်းမှုကပပျောက်မယ်လို့ထင်တယ်။

-သေဒဏ်ပေးတဲ့ထိတောင်းဆိုကြတာကိုရော ဘယ်လိုမြင်လဲ။

ဒါကလဲ ခံစားချက်ပေါ်မူတည်တာပေါ့နော်။ ဒါပေမဲ့ပေးသင့်ပါတယ်။ ဒီလူငယ်တစ်ယောက်ရဲ့သက်ငယ်ဆိုတာ အသက်တောင်မပြည့်သေးတဲ့ ကလေးငယ်တစ်ယောက်ရဲ့ဘ၀က သူရရှိတဲ့ကလေးဘ၀မှာတင်သူ့ရဲ့တစ်ဘ၀လုံးဆုံးရှုံးသွားတယ်ဆိုတော့ ဒါသည် ဘယ်လိုပဲဖြစ်ဖြစ် ကလေးဘ၀မှာ အမည်းစက်တွေဖြစ်ခဲ့တဲ့အတွက်ပြစ်မှုကြီးဖြစ်တဲ့အတွက်ပေးသင့်တယ်လို့ထင်ပါတယ်။

-Oppo စီးရီးတွဲလေးအောင်မြင်တယ်ပေါ့။ Brand ambassador တစ်ယောက်အနေနဲ့ဘယ်လိုခံစားရလဲ။

ကိုယ်လုပ်တဲ့ brand တစ်ခုက ဒီလိုမျိုးလေးအောင်မြင်လာတယ်ဆိုတော့ ဒီ brand ရဲ့ image ရော၊ ကိုယ့်ရဲ့ image ရောတက်လာတယ်ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ပျော်တာပေါ့။ ပရိသတ်တွေကြိုက်ကြတဲ့အတွက်လဲပျော်တယ်။ ကိုယ်ကြိုးစားရကျိုးနပ်တယ်။ ပင်ပန်းရကျိုးနပ်တယ်။ ဒီဟာကလဲ Oppo ကလူတွေရော၊ Art Director တွေရော အကုန်လုံး ပင်ပန်းထားပြီးတော့ တကယ့်ကိုကြိုးကြိုးစားစားနဲ့ရိုက်ထားတဲ့ဟာလေးပေါ့။ တကယ့်ကို ပရိသတ်တွေကြိုက်ပြီး သဘောကျတဲ့ဟာလေးဖြစ်ခဲ့တဲ့အတွက်လဲပျော်တယ်ပေါ့။

-အခုတလော ကားရိုက်တွေရော ဆက်တိုက်ပဲလား။

ဟုတ်ကဲ့။ ရုပ်ရှင်ကားကြီးတွေပဲဆက်တိုက်ရိုက်ဖြစ်နေပါတယ်။

-New Year ကရောဘယ်မှာရှိမလဲ။

ရန်ကုန်မှာပဲရှိပါမယ်။ ဒီကြားထဲကားရိုက်ပြီးရင် ညီမခရီးသွားဖို့ရှိတယ်။ ခရီးကပြန်လာရင်ဆိုတော့ ရန်ကုန်မှာပဲရှိမှာပါ။

-ခရီးကရော မိသားစုနဲ့အပျော်ခရီးပဲလား။

ဒီအတိုင်း Relax ပေါ့။ ဒီဇင်ဘာထဲမှာ ရှန်ဟိုင်းဖက်ကို မိသားစုနဲ့သွားပါမယ်။ နည်းနည်းတော့ကြာမယ်။ ရက်အတိအကျတော့မပြောတတ်သေးပါဘူး။

-ဇာတ်ကားရိုက်ကူးမှုများလာတာနဲ့အမျှ ကာရိုက်တာတွေကိုရောရွေးချယ်ဖြစ်လား။

အခုနောက်ပိုင်းတော့ ရွေးချယ်ဖြစ်တယ်။ အရင်တုန်းကနားမလည်လို့ရိုက်ခဲ့ပေမဲ့ အခုနောက်ပိုင်းကတော့ ကိုယ်နဲ့လိုက်ဖက်ပြီးပရိသတ်ရင်ထဲလက်ခံတဲ့ကာရိုက်တာတစ်ခုလဲဖြစ်ရမယ်ဆိုပြီးအကောင်းဆုံးတော့ရိုက်တာပေါ့။

-အောင်မြင်လာတာနဲ့အမျှ ဘာတွေပြောင်းလဲလာတာရောရှိမလဲ။

ပြောင်းလဲတယ်ဆိုတာထက်ကြိုးစားရမဲ့ဟာတွေ အများကြီးပေါ့။ အရင်ကခင်ဝင့်ဝါနဲ့အခုခင်ဝင့်ဝါနဲ့အတူတူပါပဲ။ ညီမကြိုးစားမှုတွေပဲပိုပြီးပြောင်းလဲသွားတာရှိမယ်။ ဒါပါပဲ။

-အရင်ကထွက်ခဲ့တဲ့ကားတွေထက် အခုနောက်ပိုင်းထွက်လာတဲ့ကားတွေပိုကောင်းလာတယ်ပေါ့။

ဗီဒီယိုတို့ရုပ်ရှင်တို့ဆိုတာ ကိုယ်ကရိုက်လိုက်တာတော့ အမှုမဲ့မှတ်မဲ့ပဲ။ ဒါပေမဲ့ကိုယ့်ရဲ့ကားတွေက ကိုယ့်အသက်ဘယ်အချိန်ပဲရောက်ရောက် ဒီရုပ်သံတွေမှာပဲပြန်လွှင့်နေတာဆိုတော့လေ။ ကိုယ်သရုပ်ဆောင်မကောင်းရင်ဘာတွေသရုပ်ဆောင်နေမှန်းမသိဘူးဆိုတဲ့ဝေဖန်သံကြီးတွေကို ကိုယ်ကလဲ နားမထောင်ချင်ဘူး။ သူများပြောတာလဲ မကြားချင်ဘူးဆိုတော့ ကိုယ့်အနေနဲ့ငါဘာတွေလိုအပ်လဲဆိုတာကိုအတတ်နိုင်ဆုံးတော့ ဒီဆရာတွေ၊ကိုယ့်ရဲ့ဝါရင့်တွေပြောပြတာကိုအတတ်နိုင်ဆုံးကြိုးစားတယ်။ အခုချိန်ထိတော့ အားရတယ်လို့မထင်သေးဘူး။ လိုအပ်နေသေးတယ်လို့ထင်တယ်။

Credit :Trend Myanmar



Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.