Breaking News

လိင်ကိစ္စနဲ့ ပတ်သက်ပြီး အဆန်းပြားဆုံး ဥပဒေတွေရှိတဲ့ ကမ္ဘာတစ်လွှားက နေရာ (၁၀) ခု

play

ကမ္ဘာတစ်လွှားက တချို့ဥပဒေက ရယ်စရာကောင်းလှသလို ယုတ္တိမရှိဘူးလို့လည်း ထင်ရပါတယ်။ အခုဖော်ပြမှာကတော့ လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး အထူးခြားဆုံးဥပဒေတွေ သတ်မှတ်ထားတဲ့ ကမ္ဘာတစ်လွှားက နေရာတွေဖြစ်ပါတယ်။
၁။ လန်ဒန် - ရပ်ထားတဲ့ဆိုင်ကယ်ပေါ်မှာ ချစ်တင်းမနှောရ
တခြားနေရာတွေကို မသတ်မှတ်ထားပေမဲ့ ဆိုင်ကယ်ပေါ်မှာ ချစ်တင်းနှောရင်တော့ တရားဥပဒေအရ အရေးယူခံရမှာပါ။
၂။ လက်ဘနွန် - တိရစ္ဆာန်အမနဲ့ လိင်ဆက်ဆံခြင်းကိုသာ ခွင့်ပြု
လက်ဘနွန်နိုင်ငံမှာ အမျိုးသားတွေ တိရစ္ဆာန်နဲ့ လိင်ဆက်ဆံတာ တရားဝင်ပါတယ်။ ဒါပေမဲ့ တိရစ္ဆာန်အမများသာ ဖြစ်ရပါမယ်။
၃။ ဥရုဂွေး - ဖောက်ပြန်ခြင်းကို လုံးဝခွင့်မပြု
play

သူများရဲ့ဇနီးနဲ့ အတူသွားအိပ်လို့ ခင်ပွန်းက မိသွားရင် ခင်ပွန်းက အဲဒီလူကို သင်းကွပ်ခွင့်ရှိသလို ဖောက်ပြန်သူ နှစ်ဦးစလုံးကို သတ်ခွင့်ရှိပါတယ်။ ဒါမှမဟုတ် ခင်ပွန်းက ဇနီးရဲ့နှာခေါင်းကို ဖြတ်ချင်ရင်လည်း ဖြတ်လို့ရပါတယ်။
၎။ တက္ကဆက် - အမျိုးသားလိင်အင်္ဂါတု အရေအတွက် ကန့်သတ်ထား
တက္ကဆက်မြို့မှာ နေမယ်ဆိုရင် အမျိုးသားလိင်အင်္ဂါတု ၆ ခုထက် ပိုပြီး ပိုင်ဆိုင်ခွင့် မရှိပါဘူး။ ဖမ်းမိရင်တော့ ဒေါ်လာ ၄,၀၀၀ ဒါမှမဟုတ် ထောင်ဒဏ် ၁ နှစ် ကျခံရနိုင်ပါတယ်။
၅။ စပိန် - ကမ်းခြေမှာ ချစ်တင်းနှောခြင်း
play

စပိန်ရောက်ရင်တော့ ကမ်းခြေမှာ ချစ်ရည်မလူးမိပါစေနဲ့။ ဒေါ်လာ ၈၀,၀၀၀ အထိ ဒဏ်ငွေ တပ်ခံရနိုင်ပါတယ်။
၆။ ဒူဘိုင်း - လူအများရှေ့မှာ ချစ်ကြင်နာမပြရ
play

ဒူဘိုင်းမှာ ဘယ်လိုပုံစံမျိုးနဲ့မှ ချစ်ကြင်နာမှုကို ပြလို့မရပါဘူး။ ပါးလေး တစ်ချက်နမ်းရင်တောင် အချုပ် ၁၀ ရက် ကျနိုင်ပါတယ်။ အဲဒီအချိန်မှာ မူးနေရင်တော့ ထောင်ထဲမှာ တစ်နှစ် နေရပါလိမ့်မယ်။
၇။ အက်စတိုးနီးယား - စစ်တုရင်ကစားရင်း ချစ်တင်းမနှောရ
play

ဘာကြောင့် ဒီလိုဥပဒေပြဋ္ဌာန်းဖို့ လိုသလဲဆိုတာကိုတော့ မသိပေမဲ့ အက်စတိုးနီးယာားနိုင်ငံရဲ့မြို့တော် တာလင်းမှာ စစ်တုရင်ကစားခြင်းနဲ့ ချစ်တင်းနှောခြင်းကို တစ်ပြိုင်နက်တည်း ပြုလုပ်တာဟာ ဥပဒေကို ချိုးဖောက်တာပါပဲ။
၈။ ဘိုလီဗီးယား - အမေနဲ့ သမီးကို တစ်ပြိုင်နက်တည်း ချစ်တင်းနှောခြင်း
play

ဘိုလီဗီးယားရှိ ဆန်တာခရုစ်မြို့မှာ အမေနဲ့ သမီးဆက်ဆံရေးကို အလေးထားပါတယ်။ အမျိုးသားတစ်ဦးက အမေနဲ့ သမီးကို တစ်ပြိုင်နက်တည်း အတူနေခွင့်မရှိပါဘူး။ ဆိုတော့...အမျိုးသမီးတွေကရော အဲဒီလို နေတာရှိလို့လား။
၉။ ဘူးဒါးပက်စ် - အမှောင်ထဲပဲ ချစ်တင်းနှောရမယ်
play

ဘူးဒါးပက်စ်ကို ရောက်လို့ ချစ်ရည်လူးဖို့ စိတ်ကူးပေါက်ရင်တော့ မီးတွေကို ပိတ်ထားဖို့ မမေ့ပါနဲ့။ သင်နဲ့အတူရှိနေသူက သူစိမ်းယောက်ျားတစ်ယောက်နဲ့ဖြစ်ဖြစ်၊ ခင်ပွန်းနဲ့ပဲဖြစ်ဖြစ် အဲဒါက အရေးမကြီပါဘူး။ ဘူးဒါးပက်စ်မှာ အမှောင်ထဲမှာပဲ ချစ်တင်းနှောဖို့ လိုပါတယ်။
၁၀။ ဘာရိန်း - အမျိုးသားဆရာဝန်များ
play

အမျိုးသားဆရာဝန်တွေနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဘာရိန်းကိုသွားရင် သတိထားစရာပါပဲ။ အမျိုးသမီးရဲ့လိင်အင်္ဂါကို စစ်ဆေးချိန်မှာ အမျိုးသားဆရာဝန်က တိုက်ရိုက်ကြည့်ခွင့်မရှိပါဘူး။ မှန်ကိုသာ အသုံးပြုပြီး စစ်ဆေးရပါတယ်။
Source & Photos : Daily