တင်ပါးကို ကုတ်တာ လူသတ်မိတော့မလို ဖြစ်သွားခဲ့တယ်လို့ဆိုတဲ့ ဂျနီဖာလောရန့်စ်

play

အသက် ၂၆ နှစ်အရွယ် ဟောလိဝုဒ်မင်းသမီးဟာ Passengers ဇာတ်ကားမှာ သူမနဲ့အတူ တွဲဖက်သရုပ်ဆောင်ထားတဲ့ ခရစ္စပရက်နဲ့ ဗြိတိန်စားဖိုမှူး ဂျေမီအိုလီဗာတို့နဲ့အတူ The Graham Norton ရှိုးမှာထိုင်ရင်း ပြောပြခဲ့တာပါ။
အစီအစဉ်မှူး ဂရေဟမ်က  အဲဒီအကြောင်းကို ပြောပြဖို့ တောင်းဆိုလာတဲ့အတွက် ဂျနီဖာက ဟာဝိုင်အီမှာ The Hunger Games ရိုက်ကူးစဉ်က အတွေ့အကြုံကို ပြောပြခဲ့တာ ဖြစ်ပါတယ်။
play

"ဟာဝိုင်အီမှာ ရုပ်ရှင်ရိုက်နေကြတာ။ အထွတ်အမြတ်ထားတဲ့ ကျောက်တုံးကြီးတွေလည်း ရှိတယ်။ အဲဒီကျောက်တုံးတွေပေါ် ထိုင်လို့မရဘူး။ အဲဒီအချိန်မှာ ကျွန်မရဲ့ တင်ပါးက အရမ်းကို ယားလာတယ်။ ကုတ်လိုက်မိတယ်။ အဲဒီအချိန်မှာ ကျောက်တုံးတစ်တုံးက လှုပ်ပြီး ကျတယ်။ ကျောက်တုံးက တော်တော်ကြီးတယ်၊ တောင်ပေါ်ကနေ ကျလာတယ်။ ကျွန်မတို့ အဖွဲ့ဝင်တစ်ယောက် ကံကောင်းလို့ မသေတာ" လို့ ဂျေလိုက ဆိုပါတယ်။
play

"ဟာဝိုင်အီသားတွေက အဲဒါ ကျိန်စာသင့်တာလို့ ပြောတယ်။ ကျွန်မစိတ်ထဲမှာ ကျွန်မလုပ်လိုက်မိတာ။ ကျွန်မတင်ပါးကုတ်လိုက်လို့ အဲဒါက ပြုတ်ကျလာတာလို့ စိတ်ထဲမှာ ခံစားမိတယ်" လို့ ဂျေလိုက  ဟာသအဖြစ် ပြောပြခဲ့တာ ဖြစ်ပါတယ်။
Source & Photos : Online  Credit :duwun  
Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.