Breaking News

ချစ်ခင်ရသူတွေအတွက် ကိုယ်တိုင်လက်ဆောင်ထုပ်ပိုးပေးချင်တယ်ဆိုရင်



ကိုယ့်ချစ်သူ၊ သူငယ်ချင်း၊ အသိမိတ်ဆွေတွေအတွက် ပေးမယ့်လက်ဆောင်ကို ကိုယ်တိုင်ထုပ်ပိုးပြင်ဆင်ချင်သူတွေအတွက် ဂျပန်ကုန်ပဒေသာစတိုးဆိုင် Takashimaya ရဲ့ ဆန်းသစ်ပြီး အရမ်းမြန်ဆန်တဲ့ လက်ဆောင်ပစ္စည်းထုပ်ပိုးနည်း အကြောင်းပြောပြပေးချင်ပါတယ်။ ဒီထုတ်ပိုးနည်းက ၁၅စက္ကန့်သာ ကြာတာမို့ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း တော်တော်လေး လူသိများခဲ့ပါတယ်။ Youtube သုံးစွဲသူ BeatTheBush က ယခုလို မိမိဘာသာ လက်ဆောင်ပစ္စည်းတွေ ထုပ်ပိုးကြည့်နိုင်အောင် နည်းလမ်းအဆင့်ဆင့်တွေ ဖော်ပြထားတဲ့ ဗီဒီယိုဖိုင်လေးတစ်ခု ဖန်တီးခဲ့ပါတယ်။ တိတ်ခွေ (၃) ခွေနဲ့ ခေါက်ချိုး (၃) ခုသာ အသုံးပြုထားပါတယ်။ ဘယ်လိုလုပ်လဲဆိုတာ ကြည့်ပြီး အချိန်ကုန်သက်သာစေနိုင်ဖို့ ဒီနည်းလမ်းကို  ကျွမ်းကျင် ပိုင်နိုင်အောင်လေ့ကျင့်ကြည့်ပါ။ ကျွမ်းကျင်ပြီဆိုရင် ပစ္စည်းထုတ်ပိုးချိန် ၁၅ စက္ကန့်သာ ကြာပါလိမ့်မယ်။

လုပ်ပုံလုပ်နည်းလေးကိုတော့ အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Ref: Popsugar