Breaking News

မျက်စိမမြင်တဲ့သခင်ကို မီးဘေးကဆွဲထုတ်ခဲ့တဲ့ ခွေးလေး

play

ယိုလန်ဒါဆိုတဲ့ ခွေးမလေးတစ်ကောင်ရဲ့ စွမ်းဆောင်ရည်ကတော့ တကယ်ကိုချီးကျူးစရာပါပဲ။ သူက အမေရိကန်ပြည်ထောင်စု ဖီလာဒဲဖီးယားမှာ နေပါတယ်။ သူ့ရဲ့သခင်ကတော့ အသက် ၆၀ အရွယ် မျက်မမြင်တစ်ဦးပါ။
play

အိမ်ထဲမှာ မီးလောင်မှုဖြစ်ပွားတော့ ယိုလန်ဒါက အထူးပြုလုပ်ထားတဲ့ဖုန်းနဲ့ အရေးပေါ်ဖုန်းနံပတ် ၉၁၁ ကို ဖုန်းဆက်ခဲ့သလို သခင်ဖြစ်သူကိုပါ အိမ်ထဲကနေ အပြင်ကို ဆွဲခေါ်လာခဲ့ပေးလို့ မျက်မမြင်သခင်မှာ အသက်ဘေးက လွတ်မြောက်သွားခဲ့ပါတယ်။ လိမ္မာသိတတ်လွန်းတဲ့ ယိုလန်ဒါအကြောင်းကို Red Paw Emergency Relief Team က ဖေ့စ်ဘွတ်ပေါ်မှာ တင်လိုက်တော့ လူတွေက အစားအစာ၊ အရုပ်နဲ့ အခြားလက်ဆောင်တွေကို ယိုလန်ဒါအတွက် ပေးပို့ကာ ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။
Source : Metro Credit :Trend Myanmar