အမျိုးသားတွေအတွက် မိတ်ကပ်

play

မိတ်ကပ်တွေကို အမျိုးသမီးဈေးကွက်အတွက် ဦးတည်ထုတ်လုပ်လေ့ရှိပေမဲ့ ကုမ္ပဏီတစ်ခုကတော့ ယောကျာ်းလေးတွေအတွက်ပါ ထုတ်လုပ်လိုက်ပါတယ်။
 Formen ဆိုတဲ့ ကုမ္ပဏီဟာ ယောကျာ်းလေးတွေအတွက် အထူးသီးသန့်မိတ်ကပ်ကို တီထွင်လိုက်တာဖြစ်ပြီး ဒီလိုတီထွင်ဖို့ကို အထက်တန်းကျောင်းသားဘဝကတည်းက အကြံညဏ်ရရှိခဲ့တာ ဖြစ်တယ်လို့ ကုမ္ပဏီတည်ထောင်သူ အန်ဒရူးဂရီလာက ပြောထားပါတယ်။ သူတို့ဘဝရဲ့ အရေးကြီးဆုံးပွဲတွေမှာ မျက်နှာကဝက်ခြံအပြည့်ဖြစ်နေတာကို ဘယ်သူမှ မပြချင်ဘူးလို့ အန်ဒရူးဂရီလာက ဆိုပါတယ်။
play

နောက်ပိုင်း တက္ကသိုလ်တက်နေတဲ့အချိန်မှာ လက်ရှိ Formen အမျိုးသားမိတ်ကပ်ပစ္စည်း ကုမ္ပဏီကို တည်ထောင်ဖို့ ကြံစည်ခဲ့တာဖြစ်ပါတယ်။ ဈေးကွက်သုတေသနလုပ်တဲ့အခါမှာလည်း အမျိုးသားမိတ်ကပ်ကို စိတ်ဝင်စားသူတွေရှိတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
Formen ဟာ ကနေဒါကုမ္ပဏီဖြစ်ပေမဲ့ အန်ဒရူးဂရီလာကတော့ တောင်ကိုရီးယားမှာ အဓိကထားလုပ်ကိုင်ချင်နေတယ်လို့ သိရပါတယ်။
Credit :duwun
အမျိုးသားတွေအတွက် မိတ်ကပ်
Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.