မျက်နှာပေါ်မှာ ဧရာမအကျိတ်ကြီးနဲ့နေလာခဲ့ရာက အသက် ၆၀ ရောက်မှ ခွဲစိတ်ခွင့်ရခဲ့သူ

play

နီပေါနိုင်ငံက အသက် ၆၀ အရွယ် အဘိုးအိုတစ်ဦးဟာ မျက်နှာပေါ်မှာ အလွန်တရာကြီးမားတဲ့ အကျိတ်ကြီးနဲ့ နှစ်ပေါင်းများစွာနေလာရင်း အသက် ၆၀ ရောက်မှ ခွဲစိတ်ဖယ်ရှားခွင့် ရခဲ့ပါတယ်။
play

ခရစ်ရှန ပရာဆတ် ဘဟတ်တရိုင်ဆိုသူ အဘိုးအိုရဲ့ မျက်နှာပေါ်က အကျိတ်ကြီးက ၁၁.၁ ကီလိုဂရမ် (၂၄.၅ ပေါင်ခန့်) အထိ လေးလံခဲ့တာပါ။ ဒီလိုလေးလံလွန်းတဲ့ အကျိတ်ကြီးကို ပရာဆတ်ရဲ့မျက်နှာပေါ်မှာ ၄၇ နှစ်လုံးလုံး ရှိနေခဲ့ပါတယ်။ ကလေးဘဝတည်းက ခန္ဓာကိုယ်တွင်းရှိ အာရုံကြောစနစ်ချွတ်ယွင်းရာကနေ ခုလိုမျိုး အကျိတ်ကြီးဖြစ်လာခဲ့တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
play

အဲ့ဒီနောက်မှာတော့ သူ့ရဲ့မွေးရပ်ဇာတိ ခတ်သ်မန်ဒူရှိ Shshma Koirala Memorial ဆေးရုံက ဆရာဝန်တွေက ပရာဆတ်ကို ခွဲစိတ်ပေးခဲ့ကြပါတယ်။ ၇ နာရီကြာ ခွဲစိတ်ပြီးနောက်မှာတော့ သူ့ရဲ့မျက်နှာပေါ်က အကျိတ်ကြီးကို ဖယ်ရှားလိုက်နိုင်ခဲ့ပါတယ်။ ခုတော့ ပရာဆတ်ရဲ့မျက်နှာမှာ အကျိတ်ကြီးမရှိတော့လို့ သာမာန်လူအတိုင်းရှိနေပါပြီ။
Source : Daily Mail
Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.