သင့်ကောင်လေး သင့်ကိုတကယ် လက်ထပ် ဖို့အထိရည်ရွယ်ထားလား သိနိုင်တဲ့နည်းလမ်း(၆)ခု

လက်ထက်ခွင့်
သင်ဟာ တာဝန်ယူတတ်တဲ့ ကြင်နာတတ်တဲ့ ကောင်လေးတစ်ယောက်နှင့် တွဲနေတယ်။ သင့်မိဘတွေ၊ သူငယ်ချင်းတွေက သူ့ကို သဘောကျသလို သင်ကလည်း တကယ်သဘောကျတယ်။ သင်တို့နှစ်ယောက်တွဲနေတာလည်း ကြာပြီ။ သင်ဟာ သူ့ကို ဘ၀လက်တွဲဖော်အဖြစ် စဉ်းစားနေပြီ။ သင့်ကောင်လေးကရော သင်တွေးသလို တွေးသလားဆိုတာ သင် သိချင်မှာပါပဲ။ သူ့ကို တိုက်ရိုက်မမေးဘဲ သူ့အပြုအမူတွေကနေ သင်သိနိုင်ပါတယ်။ ဘယ်လိုအပြုအမူတွေလဲဆိုတာ ကြည့်လိုက်ကြရအောင်။
(၁) သင်နှင့်အတူ ရှိနေရင် သူ သက်တောင့်သက်သာဖြစ်နေမယ်
သင်နှင့်အတူ ရှိနေတိုင်း သူက ပွင့်ပွင့်လင်းလင်း ပြောဆိုနေထိုင်မယ်။ ဟိတ်ကြီးဟန်ကြီးလုပ်မနေဘဲ သက်တောင့်သက်သာ ဖြစ်နေမယ်။ သူ့အိမ်ကလူတွေသာ သိတဲ့ သူ့အကျင့်အတိုင်း သင့်ရှေ့မှာ ပြုမုနေထိုင်တယ် ဆိုရင်တော့ သင့်ကို သူ့ဘ၀လက်တွဲဖော်အဖြစ် သူ စဉ်းစားထားပါတယ်။
(၂) သူ့မိသားစုက သင့်ကို မိသားစုဝင်တစ်ယောက်လို စတင်ဆက်ဆံလာမယ်
သူ့မိသားစုဝင်တစ်ယောက်နှင့် သွားတွေ့တိုင်း သင် အမြဲတမ်းပါတယ်။ သူ့မိသားစုဝင်တိုင်းဟာ သင့်အကြောင်းကို သိတယ်။ သူ့မိသားစုဝင်တွေနှင့်အတူ ရှိတဲ့အခါ သင်ဟာ သက်တောင့်သက်သာဖြစ်နေတယ်။ မိသားစုနှင့် မိတ်ဆက်ပေးတာက ပထမဆုံးခြေလှမ်းပါ။ ဒါပေမဲ့ သူ့မိသားစုကိစ္စတိုင်းမှာ သင် အမြဲတမ်းပါနေပြီဆိုရင်တော့ မကြာမီ သင် သူတို့မိသားစုဝင် ဖြစ်လာပါလိမ့်မယ်။
(၃) သူ့အနာဂတ်အစီအစဉ်မှာ သူ အမြဲပါမယ်
စုံတွဲအများစုဟာ အနာဂတ်အကြောင်း ပြောဖြစ်ကြပါတယ်။ ဒါပေမဲ့ သူတို့ရည်းစား(သို့) ချစ်သူကို သူတို့အနာဂတ်မှာ ထည့်မစဉ်းစားသလောက်ပါပဲ။ သင့်ကောင်လေးကို နောက်ဆယ်နှ်စ်မှာ ဘာတွေဖြစ်နေမလဲလို့ မေးရင် သင့်နာမည် ထိပ်ဆုံးက ပါလာလိမ့်မယ်။ အဲဒါဆို သင့်ကို သူ့ဘ၀လက်တွဲဖော်အဖြစ် သူ စဉ်းစားထားလို့ပါပဲ။
(၄) သင်မွေးလာမယ့် ကလေးတွေအကြောင်း ပြောမယ်
ယောင်္ကျးလေးအများစုဟာ မိသားစုအကြောင်း ကလေးတွေအကြောင်း သိပ်မပြောကြပါဘူး။ တကယ်လို့ သင်နှင့် သင့်ကောင်လေးဟာ သင်မွေးလာမယ့် ကလေးတွေအကြောင်း၊ ကလေးတွေကို ကျောင်းထားဖို့အကြောင်း၊ ထိန်းကျောင်းဖို့အကြောင်း ဆွေးနွေးဖြစ်နေတယ်ဆိုရင်တော့ သတင်းကောင်းဖြစ်ပါတယ်။
(၅) သင်နှင့် အရာအားလုံးဝေမျှမယ်
သူ ဘာတွေတွေးနေတာ၊ သူ့ကို ဘာတွေက အနှောင့်အယှက်ပေးနေတယ်ဆိုတာ သင့်ကို ပြောပြပါလိမ့်မယ်။ သူ့ဆုံးဖြတ်ချက်တွေတိုင်းမှာ သင် ထိပ်ဆုံးမှာ နေရာယူထားပါတယ်။ သင်တို့နှစ်ယောက် ဘဏ်မှာ joint အကောင့်ဖွင့်ထားပြီး သင်တို့ငွေကြေးကို စီမံခန့်ခွဲနေမယ်ဆိုရင်တော့ သင်တို့ မင်္ဂလာပွဲက မဝေးတော့ပါဘူး။
၆) သင်ဖြစ်ချင်တဲ့ မင်္ဂလာပွဲပုံစံကို မေးမယ်
ဘယ်လို မင်္ဂလာဆောင်ချင်သလဲ ဘယ်သူတွေကို ဖိတ်မလဲ ဘယ်မှာ ဆောင်မလဲ အစရှိတဲ့မေးခွန်းတွေ သူ မေးလာပြီဆိုရင် သူ လက်ထပ်ဖို့ ပြင်ဆင်နေပါပြီ။ ရုတ်တရက်ပြီး သင်မသိအောင် ပိုက်ဆံတွေ စုနေမယ်။ ဘာလို့ စုနေတာလဲ သင်မေးရင် အတတ်နိုင်ဆုံး ဝေ့လည်ကြောင်ပတ်လုပ်နေမယ်။ ခါတိုင်းနှင့်မတူဘဲ သင့်ကို ပိုဂရုစိုက်ပြီး စိတ်လှုပ်ရှားနေမယ်ဆိုရင်တော့ သင့်ကိုလက်ထပ်ခွင့်တောင်းပါတော့မယ်။
သင့်ကောင်လေးက သင့်ကို ဘ၀လက်တွဲဖော်အဖြစ် သတ်မှတ်ပြီး လက်ထပ်ဖို့ ရည်ရွယ်ထားသလားဆိုတာ တိုက်ရိုက်မမေးဘဲ သင် သိဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့လည်း ဖော်ပြထားတဲ့ လက္ခဏာတစ်ချို့ကို သင် စတွေ့လာပြီဆိုရင် သင်ဟာ သူ့ဘ၀လက်တွဲဖော်အဖြစ် သတ်မှတ်လို့ရပါပြီ။
Credit:Shwemom

Share on Google Plus

About Myanmar Magazine Onilne