Breaking News

အချစ်ရေး ခိုင်မြဲစေဖို့ အရေးကြီးတဲ့ အသေးအဖွဲ အချက် (၂၀)

play

သမီးရည်းစားဘဝမှာပဲ ဖြစ်ဖြစ်၊ အိမ်ထောင်သည် ဘဝမှာပဲ ဖြစ်ဖြစ် အသေးအဖွဲ အမူအကျင့်လေးတွေက အရေးကြီးပါတယ်။ တစ်ချို့အရာတွေဟာ အသေးအဖွဲကိစ္စတွေလို့ ထင်ရပေမဲ့  ချစ်သူသမီးရည်းစား၊ အိမ်ထောင်သည်ဘဝ သာယာစေဖို့ အရေးပါနေတတ်ပါတယ်။ အချစ်ရေး ခိုင်မြဲကြာရှည်ဖို့ အရေးပါတဲ့ အသေးအဖွဲ အချက် (၂၀) ကတော့ အောက်ပါအတိုင်းပါ။
၁။ နေရာသစ်တွေကို ခရီးအတူတူထွက်ခြင်း။
၂။ အသေးအဖွဲကိစ္စဆို ချက်ခြင်းခွင့်လွှတ်တတ်ခြင်း
၃။ သူ့အလှည့်က ဒါလုပ်တယ်၊ ငါလည်း လုပ်မယ်ဆိုတဲ့ စိတ်ထားနေခြင်း
၎။ အဆက်အသွယ်မပြတ်ခြင်း၊ စကားပြောရင် ဂရုတစိုက် နားထောင်ပေးခြင်း
၅။ ကိုယ်စီဝါသနာပါတာကို လုပ်ခွင့်ရှိခြင်း
၆။ ဘဝပန်းတိုင်ကို အတူလျှောက်လှမ်းဖို့ စီစဉ်ထားခြင်း
၇။ တစ်ယောက်ကိုတစ်ယောက် အနိုင်မယူခြင်း
၈။ နှစ်ပတ်လည်၊ အထိမ်းအမှတ်ပွဲတွေမှာ အတူရှိခြင်း
၉။ အရှုံးကို အတူတကွ ရင်ဆိုင်ခြင်း (တစ်ဦးကိုတစ်ဦးနှစ်သိမ့်ခြင်း)
၁၀။ ခံစားချက်ကို မျိုသိပ်မထားတတ်ခြင်း
play

၁၁။ အမြဲ ဂရုတစိုက် ရှိနေတတ်ခြင်း
၁၂။ လက်တွဲဖော်ရဲ့ သူငယ်ချင်းတွေနဲ့ မိသားစုကို အမြင်မကြည်တာမျိုး မဖြစ်ခြင်း
၁၃။ ငွေကြေးနဲ့ ပတ်သက်လာရင် စည်းကမ်းရှိကြခြင်း (အရေးကြီးသော အချက်)
၁၄။ ဒီတစ်ခါတော့ အပြတ်ပဲ ဆိုတာမျိုး တစ်ဖက် စိတ်ကုန်စေမယ့် စကားမျိုး မပြောခြင်း
၁၅။ ကိုယ့်အမှားကိုယ် မြန်မြန်ဝန်ခံခြင်း
၁၆။ တစ်ဦးကိုတစ်ဦး အပြစ်တင်ခြင်းထက် ပြဿနာကို အဖြေရှာခြင်း
၁၇။ လက်တွဲဖော်အတွက် ဆွဲဆောင်မှုရှိနေအောင် ပြင်ပြင်ဆင်ဆင် နေတတ်ခြင်း
၁၈။ ကိုယ်ဘာလုပ်နေတယ်ဆိုတာ အသိပေးခြင်း
၁၉။ ဘာလုပ်နေလဲဆိုတာ နေရာတစ်ကာ လိုက်မမေးတတ်ခြင်း
၂၀။ အသေးအဖွဲ့ကအစ မလိမ်တတ်ခြင်း။
Source & Photos  : Life  

Credit :duwun