Breaking News

ဆက်စီခရစ္စမတ်ဝတ်စုံနဲ့ အယ်လီဂိုလ်ဒင်


play

အသက် ၂၉ နှစ်အရွယ် အဆိုတော် အယ်လီဂိုလ်ဒင် (Ellie Goulding) ဟာ ခရစ္စမတ်စတိုင်လုပ်ထားတဲ့ Stocking နဲ့ ကြိုးသိုင်းဘောင်းဘီကို ဝတ်ဆင်ထားလို့ ခပ်မိုက်မိုက်ဖြစ်နေခဲ့ပါတယ်။
ဒီနှစ်ထဲမှာ မင်းသားဟယ်ရီနဲ့ ဘာလိုလိုလို့ နာမည်ထွက်ခဲ့တဲ့ အယ်လီဟာ ဒီဇင်ဘာလ ၂၃ ရက်နေ့ညက Channel 4 မှာပြသတဲ့ တော်ဝင်ဟာသဇာတ်လမ်း The Windsors’ Christmas Special မှာ ပါဝင်ခဲ့ပါတယ်။
play

အယ်လီဟာ နယူးယော့ခ်ရှိ Jingle Ball မှာ ရည်းစားဟောင်း နီရဲလ်ဟိုရန်နဲ့အတူ ဖျော်ဖြေခဲ့ပြီးတဲ့နောက် ယခုဓာတ်ပုံ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်
play

အဲဒီတုန်းကလည်း Madison Square မှာ စစ်အင်္ကျီဒီဇိုင်းကို ဝတ်လို့ အယ်လီတစ်ယောက် သီချင်းတွေကို အထာကျကျ သီဆိုဖျော်ဖြေခဲ့ပါတယ်။
play

One Direction အဆိုတော် နီရဲလ်ကတော့ ellen ရဲ့ နာမည်ကျော် Chat Show အစီအစဉ်မှာ အယ်လီကို သဘောကျဆဲဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
Source & Photos : the Sun   Credit :duwun