ဘရာဇီးလွှတ်တော်က နှစ် ၂၀ ကြာ အသုံးစရိတ်ခြိုးခြံမှု အတည်ပြုပြီးနောက် ဆူပူဆန္ဒပြမှုများဖြစ်

play

ဘရာဇီးနိုင်ငံမှာ လွှတ်တော်က နှစ် ၂၀ ကြာ အသုံးစရိတ် ခြိုးခြံချွေတာရေး ဖွဲ့စည်းပုံအခြေခံဥပေဒ ပြင်ဆင်ချက်ကို အတည်ပြုလိုက်ပြီးနောက် ဆူပူဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့ကြောင်း သိရပါတယ်။ ဆန္ဒပြမှုတွေဟာ ဘရာဇီးနိုင်ငံရဲ့ အနည်းဆုံး ပြည်နယ် ၁၂ ခုမှာ ပေါ်ပေါက်ခဲ့ပြီး ဘရာစီလီယာမြို့တော်မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့ ပဋိပက္ခတွေ ဖြစ်ခဲ့ပါတယ်။
play

အသုံးစရိတ် လျှော့ချဖြတ်တောက်ရေး အခြေခံဥပဒေ ပြင်ဆင်ချက်ကို လွှတ်တော်မှာ မဲခွဲဆုံးဖြတ်နေစဉ်အတွင်း အဆိုပါ အစီအစဉ်ကို လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ ရှိနေခဲ့ပါတယ်။ လွှတ်တော်က အတည်ပြုကြောင်း မဲခွဲဆုံးဖြတ်ပြီးနောက်မှာတော့ ဆန္ဒပြမှုတွေဟာ အကြမ်းဖက်မှု အသွင်ဆောင်လာခဲ့ကြောင်း သိရပါတယ်။
play

ဘရာစီလီယာမြို့မှာ ဆန္ဒပြသူတွေက ဘတ်စ်ကားတစ်စီးကို မီးရှို့ခဲ့ကြပြီး ပြည်တွင်း ရုပ်မြင်သံကြားသတင်းဌာနက ဂလိုဘိုတီဗွီရုံးခန်းကို ချီတက်ခဲ့ကြပါတယ်။ အဆိုပါ ရုပ်သံသတင်းဌာနက သမ္မတတီမာအစိုးရကို ဘက်လိုက်မှုတွေ ရှိခဲ့ကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်။ ရုပ်သံသတင်းဌာနကို ချီတက်ဆန္ဒပြသူတွေကို ရဲတပ်ဖွဲက ပိတ်ဆို့ဟန့်တားခဲ့ကြောင်း သိရပါတယ်။
play

ဆော်ပေါလိုမြို့မှာလည်း အစိုးရရဲ့ စက်မှုလုပ်ငန်းအဖွဲ့ချုပ် ရုံးခန်း တိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ အစိုးရဲ့ အသုံးစရိတ်ခြိုးခြံရေး အစီအစဉ်ကို အတည်ပြုနိုင်ရန် ဘရာဇီးလွှတ်တော်မှာ ထောက်ခံမဲ ၄၉ မဲ လိုအပ်ခဲရာ မဲပေးမှုရလဒ်များအရ ထောက်ခံမဲ ၅၃ မဲနဲ့ ကန့်ကွက်မဲ ၁၉ မဲ ဖြင့် အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။
လွှတ်တော်က အသုံးစရိတ်ကန့်သတ်မယ့် အစီအစဉ်ကို အတည်ပြုလိုက်ခြင်းဟာ သမ္မတ မိုက်ကယ်တီမာအတွက် အရေးပါတဲ့ အောင်မြင်မှုတစ်ခုလည်း ဖြစ်ပါတယ်။ တီမာက သမ္မတအဖြစ် စတင်တာဝန်ယူချိန်မှာ ဆယ်စုနှစ်များစွာ စီးပွားရေးကျဆင်းနေမှုကို အဆုံးသတ်နိုင်ရန် ဆောင်ရွက်သွားမယ်လို့ ပြောကြားထားခဲ့ပါတယ်။
အစိုးရရဲ့ အသုံးစရိတ်ကန့်သတ်မှုဟာ ယခင်ကတည်းက အသုံးစရိတ် မလုံလောက်မှုဖြစ်နေပြီး ဆင်းရဲသားပြည်သူတွေ အားထားနေရတဲ့ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေကို ထိခိုက်စေမယ်လို့ အတိုက်အခံတွေက ဝေဖန်ထားပါတယ်။

Source & Photo: BBC   Credit :Trend Myanmar


Share on Google Plus

About Myanmar Magazine Onilne

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.