Breaking News

အဒေါ်အား တူဖြစ်သူမှ ဓားဖြင့် ခုတ်သတ်မှုဖြစ်ပွား

ငယ်စဉ်ကပြောဆိုဆက်ဆံခဲ့ခြင်းများကို မကျေနပ်သောကြောင့် အဒေါ်အား တူဖြစ်သူမှ ဓားဖြင့် ခုတ်သတ်မှုဖြစ်ပွား
နေပြည်တော်၊ ဒီဇင်ဘာ ၁၀

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းပေါခုံကျေးရွာနေ ဒေါ်ပိန်(ခ)ဒေါ်ငွေမြင့်(၆၀)နှစ်သည် နေအိမ်၌ရှိနေစဉ် တူတော်စပ်သူ နောင်တရားမြို့နယ်၊ ကုန်းသိမ်းကျေးရွာနေ အောင်မိုး(၃၁)နှစ်ရောက်ရှိလာပြီး ဓားဖြင့် ခုတ်သတ်မှုဖြစ်ပွား ခဲ့ပါသည်။

 ငယ်စဉ်က အဒေါ်ဖြစ်သူ၏ ပြောဆိုဆက်ဆံခဲ့ခြင်းများကို မကျေနပ်သဖြင့် ဒေါ်ပိန်(ခ)ဒေါ်ငွေမြင့် အား အရိုးအသွား(၂၁)လက်မခန့်ရှိ ဓားမဖြင့်ခုတ်သောကြောင့် ဒဏ်ရာများရရှိ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

 သေဆုံးသွားသူ၏ ခင်ပွန်းဖြစ်သူ ဦးစိုး(၅၄)နှစ်မှ အရေးယူပေးရန် တိုင်တန်းရာ အောင်မိုးအား ဖမ်းဆီးပြီး နမ့်ပန်နယ် မြေရဲစခန်း(ပ)၁၈/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက် အရ သိရပါသည်။

Credit : သစ်ထူးလွင်