Breaking News

သမီးဖြစ်သူကို နှစ်ပေါင်းများစွာ မုဒိမ်းကျင့်တဲ့ဖခင် ထောင် ၁၄ နှစ် ချမှတ်ခံရ

play

သြစတြေးလျနိုင်ငံ အနောက်ပိုင်းမှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးဟာ သမီးဖြစ်သူကို နှစ်ရှည်ကြာ မုဒိမ်းကျင့်လာခဲ့ရုံသာမက အခြားလူတွေကိုပါ ဖြန့်ဝေခဲ့တဲ့အတွက် ခရိုင်တရားသူကြီးက ယင်းအမျိုးသားကို ထောင်ဒဏ် ၁၄ နှစ် ကျခံစေဖို့ အမိန့်ချမှတ်လိုက်ပါတယ်။
သမီးဖြစ်သူ အသက် ၂ နှစ်ရောက်တဲ့ ၂၀၀၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ကာလရှည်ကြာ မုဒိမ်းကျင့်လာခဲ့တာပါ။ သူ့ရဲ့ ကလေးသူငယ်တွေအပေါ် လိင်စိတ်ထားရှိနေမှုကို ကျေနပ်မှုရစေဖို့ သမီးရင်းကို အသုံးချခဲ့တာလည်းဖြစ်ပါတယ်။ ဒါတင်မက သမီးရင်းကို အဓမ္မကျင့်နေစဉ်မှာလည်း မှတ်တမ်းဗီဒီယိုရိုက်ထားခဲ့ပြီး သူ့လိုပဲ ကလေးတွေအပေါ်လိင်စိတ်ထားရှိသူတွေကိုပါ ပြန်လည်မျှဝေခဲ့ကြောင်း ဖော်ထုတ်သိရှိပြီးနောက် ရုံးတော်က ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
Source : The West Australian  Credit :Trend Myanmar