Breaking News

ဆောင်းရာသီအတွက် အလှအပရေးရာ သော့ချက် (၅) ခု

play

ဆောင်းရာသီက အေးအေးလေးနဲ့ နေလို့ကောင်းပါတယ်။ ဒါပေမဲ့လည်း အလှအပအတွက်တော့ အတော်ဂရုစိုက်ရမယ့် ရာသီဥတုတစ်ခုလည်း ဖြစ်ပါတယ်။ အအေးဒဏ်ကြောင့် အလှအပတွေ ပျက်စီးမသွားရအောင် အဓိကသော့ချက်လေးတွေကို ဓူဝံက ပြောပြပါ့မယ်။
၁။ မျက်နှာသစ်ပါ
play

ညဘက် အရမ်းအေးလို့ မျက်နှာမသစ်ဘဲ အိပ်မိတာမျိုး ခနခန ဖြစ်ဖူးမှာပေါ့။ အသားအရည်အတွက် သိပ်ကို ဆိုးရွားတဲ့ အကျင့်ဆိုးကြီးဆိုတာလည်း သိပြီးပြီဆိုရင် မျက်နှာသစ်ဖို့ မပျင်းသင့်ပါဘူး။
၂။ ရေနွေးမသုံးပါနဲ့
အေးလွန်းလို့ဆိုပြီး မျက်နှာသစ်ရင် ရေနွေးတွေသုံးတာ မကောင်းပါဘူး။ ရေကို ကြက်သီးနွေးလို့ခေါ်တဲ့ နွေးတယ်ဆိုရုံ အပူချိန်လောက်လေးကိုပဲ သုံးသင့်ပါတယ်။ ရေနွေးများများသုံးရင် အသားအရည်ခြောက်သွေ့ပျက်စီးပြီး ချွေးပေါက်တွေ ကျယ်လာနိုင်လို့ပါပဲ။
၃။ ခေါင်းအုံးစွပ်လဲပါ
play

ဆံပင်နဲ့ မျက်နှာမှာ ကပ်ငြိနေတဲ့ ဖုန်တွေ၊ ဆီတွေက ခေါင်းအုံးစွပ်မှာ ကပ်ငြိနေပါတယ်။ ခေါင်းအုံးစွပ်ကို မလဲဘူးဆိုရင်တော့ မျက်နှာပေါ်မှာ ဝက်ခြံတွေထွက်လာတာ မြင်ရတော့မှာပေါ့။ ခေါင်းအုံးစွပ်ကို ၃ ရက် တစ်ကြိမ် လဲလှယ်ပေးရပါမယ်။
၎။ ရေသောက်ပါ
ဆောင်းတွင်းမှာ ရေသောက်ဖို့ မေ့နေတတ်ကြပါတယ်။ ရာသီဥတုက အေးနေတော့ ရေမဆာတာလည်း ပါတာပေါ့။ တစ်နေ့ကို ရေ ၂ လီတာသောက်ဖို့ မမေ့သင့်ပါဘူး။
၅။ တစ်ကိုယ်ရည်သန့်ရှင်းမှု
play

ဒါကလည်း အရေးကြီးပါတယ်။ သန့်ရှင်း သပ်ရပ်မှုလောက် စမတ်ကျတာ ဘာမှမရှိပါဘူး။ အဝတ်အစားနဲ့ အသုံးဆောင်တွေ ဘယ်လိုပဲ ဆင်ယင်ထားပါစေ ခန္ဓာကိုယ်က အနံ့ဆိုးတွေနဲ့ဆို ဂွမ်းပြီပေါ့။ ပြီးတော့ ခြေဆီထွက်တတ်ရင်လည်း မကြာခဏ သန့်ရှင်းဆေးကြောပေးရပါမယ်။
Photo : Pinterest  Credit :duwun