နေ့တိုင်း အနမ်းဖလှယ်တဲ့ ကြောင်နဲ့ငါး

play

အချစ်မှာ ကန့်သတ်ချက်တွေမရှိဘူးဆိုတာ တီမိုက သက်သေပြလိုက်ပါတယ်။ တီမိုဆိုတာ ထိုင်ဝမ်က ကြောင်လေးတစ်ကောင်ရဲ့ နာမည်ပါ။
play

သူက ငါးတွေနဲ့ နေ့တိုင်းလိုလို အနမ်းချင်းဖလှယ်ခဲ့ပါတယ်။ ထိုင်ဝမ်ကမ်းခြေ အနောက်တောင်ပိုင်းမှာ နေထိုင်ပြီး ငါးတွေကို နမ်းနေခဲ့တာပါ။ သူ့သခင်ရဲ့ အဆိုအရ တီမိုဟာ လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကတည်းက ခုလိုပဲ ငါးတွေနဲ့ အကျွမ်းတဝင် ရှိနေခဲ့တယ်လို့ သိရပါတယ်။ တီမိုက ရေကန်ပေါ်ရဲ့ မျက်နှာပြင်ပေါ် တက်လာတဲ့ ငါးတွေရဲ့ နှုတ်သီးကို နမ်းသလို ကန်ထဲက အဖြူရောင် ငါးတစ်ကောင်ကလည်း ရေမျက်နှာပြင်ပေါ် တက်တက်လာပြီး သူ့ကို ပြန်နမ်းတာပါ။
play

အချို့လူတွေကတော့ ကြောင်ဟာ ငါးကို ဖမ်းဖို့ ကြိုးစားတာ ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးကြပေမယ့် တကယ်တမ်းတော့ သူက ငါးကို ဖမ်းတာမဟုတ်ဘဲ ရေပြင်ကို လက်နဲ့ ထိရုံလေးသာ ထိတာဖြစ်ပြီး ငါးတွေကို ထိတွေ့ပုံကလည်း သိပ်ကို ညင်သာလွန်းတာ တွေ့ရပါတယ်။
Source & Photo : CCTV
Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.