ကိုယ်ဝန်ရှိနေသူကို မိန်းမအချင်းချင်း မျက်နှာကြည့်တာနဲ့သိနိုင်

play

ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီးတစ်ဦးကို နောက်မိန်းမတစ်ဦးက မျက်နှာကြည့်တာနဲ့သိနိုင်တယ်လို့ သုတေသနတစ်ခုကတွေ့ရှိခဲ့ပါတယ်။ Daily Mail ရဲ့ဖော်ပြချက်အရ ဆွဇ်ဇာလန်နိုင်ငံ Bern တက္ကသိုလ်က သုတေသနသမားတွေပြုလုပ်တဲ့လေ့လာမှုတစ်ရပ်က ယခုလိုတွေ့ရှိခဲ့တာဖြစ်တာဖြစ်ပါတယ်။
အဆိုပါသုတေသနမှာ လူပေါင်း ၁၆၀ ကို စမ်းသပ်ခဲ့တာဖြစ်ပြီး ကိုယ်ဝန်ရှိနေချိန်နဲ့ ကိုယ်ဝန်မရှိချိန်မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကိုပြကာ စမ်းသပ်တာဖြစ်ပါတယ်။ ကိုယ်ဝန်ရှိနေသူကို ဓာတ်ပုံကြည့်ပြီး အမျိုးသမီးတွေက ရွေးချယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အမျိုးသမီးတစ်ဦးတည်းရဲ့ ဓာတ်ပုံတွေကိုပြပြီး စမ်းသပ်ခဲ့တဲ့အခါ  ကိုယ်ဝန်ရှိလာချိန်မှာ ပိုမိုဆွဲဆောင်မှုရှိတယ်လို့ အမျိုးသားတွေက ထင်ကြကြောင်းလည်း အဆိုပါသုတေသနကတွေ့ရှိခဲ့ပါတယ်။ တွေ့ရှိချက်ကို Royal Society ဂျာနယ်မှာဖော်ပြခဲ့တာဖြစ်ပါတယ်။
Photos & Source: Daily Mail  Credit :duwun
Share on Google Plus

About Myanmar Magazine