အဝတ်မဝတ်ပဲမိမွေးတိုင်းဖမွေးတိုင်း သတင်းတင်ဆက်နေတဲ့ ကနေဒါရုပ်သံအစီအစဉ်.

Naked News

ကနေဒါ နိုင်ငံက ဒေသတွင်း ရုပ်သံတစ်ခုမှာ Naked News ကဏ္ဍအတွက် အလုပ်လုပ်ကိုင်နေတဲ့ သတင်းတင်ဆက်တဲ့ အမျိုးသမီးတွေဟာ ၎င်းတို့အစီအစဉ်ထဲမှာ ဘာမှ ဖုံးကွယ်ထားစရာမလိုဘူးဆိုတဲ့ မူနဲ့အညီ သတင်းတင်ဆက်စဉ်မှာ အ၀တ်အစားတွေ လုံးဝမ၀တ်ပဲ အရှိအတိုင်း တင်ဆက်နေတယ်လို့ သိရပါတယ်။
အဆိုပါ Naked News အစီအစဉ်ဟာ 25 မိနစ်အထိ ကြာတဲ့အစီအစဉ် ဖြစ်ပါတယ်။ ခြောက်ရက်မှာ တစ်ကြိမ် ထုတ်လွင့်တဲ့ အဲဒီအစဉ်ကို တကူးတကစောင့်ကြည့်ကြတဲ့ ပရိသတ်ဟာ သန်းနဲ့ချီရှိနေပြီး၊ အစီအစဉ်တင်ဆက်သူတွေဟာ အရပ်သူအရပ်သားတစ်ချို့ကို သတင်းများ မေးမြန်းခြင်း၊ ၎င်းတို့ သီးသန့်စီစဉ်ထားတဲ့ အစီအစဉ်များကို ထည့်သွင်းတင်ဆက်ခြင်း စတာတွေ ပါဝင်ပါတယ်။Naked News

အဆိုပါ အစီအစဉ်ကို အင်္ဂလိပ်စကားပြောအစီအစဉ်အဖြစ် 1999 ခုနှစ်မှ စတင်ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်၊ ဂျပန်နိုင်ငံမှာလည်း အခြေစိုက်ရုပ်သံဌာနတစ်ခု ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ ဒီအစီအစဉ်မှာတော့ တရားဝင် အစီစဉ်တင်ဆက်သူ အမျိုးသမီးဝန်ထမ်း ရှစ်ဦးအထိ ရှိပြီး၊ Whitney St-John, Isabella Rossini နဲ့ Elise Laurenne လို့ အမည်ရသူတွေကတော့ နာမည်ကြီး သတင်းတင်ဆက်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဒီအစီအစဉ်ကနေ တရားဝင်ဖွင့်ထားတဲ့ တွစ်တာမှာလည်း ပရိသတ် 6 သောင်းကျော် ရှိနေပြီး Naked at the Movies
ခေါင်းစဉ်အောက်မှာတော့ ရုပ်သံဇာတ်ကားတွေထဲမှာ ပါဝင်ခဲ့တဲ့ အ၀တ်အစားမဲ့ဇာတ်ဝင်ခန်းတွေကို ပြန်လည်တင်ဆက်
ပေးနေတယ်လို့ သိရပါတယ်။



ယခင်ဆယ်စုနှစ်ကာလောက်တုန်းက စပိန်ဘာသာစကားနဲ့ ထုတ်လွှင့်တဲ့ မိုးလေးဝသအစီအစဉ်တစ်ခုမှာလည်း မပေါ်တပေါ်အစီအစဉ်တင်ဆက်ခဲ့တဲ့ အမျိုးသမီးတင်ဆက်သူကြောင့် ပရိသတ်ကြားထဲ လှုပ်လှုပ်ရွရွ ဖြစ်သွားခဲ့ပါသေးတယ်။
အဲဒီကနေ စပြီးနောက်ပိုင်းမှာတော့ Live သဘောမျိုး အစီအစဉ်တင်ဆက်တဲ့ အချိန်မျိုးမှာ အမျိုးသမီး အစီအစဉ်တင်
ဆက်သူ တော်တော်များများဟာ အ၀တ်အစားကျွတ်ခြင်း၊ တစ်စုံတစ်ယောက်က ချွတ်လို့ ကျွတ်ခြင်းစတဲ့ မတော်တဆသဘောမျိုး အကွက်ဆန်းတွေနဲ့ ပရိသတ်အာရုံကို သိမ်းပိုက်ဖို့ ကြိုးစားလာကြတာကို တွေ့ရပါတယ်။

ဒီ Naked News ကတော့ အဲဒီအစီအစဉ်တွေထက် ဗြောင်ကျပြီး၊ နာမည်ကိုက အတိအလင်းနဲ့ တစ်တစ်ခွခွနိုင်တာမို့ ပရိသတ်စိတ်ဝင်စားမှုက အခြားရုပ်သံအစီအစဉ်တွေထက် ပိုများလာမယ်လို့ တွက်ဆနေကြပါတယ်။ ဒီ အစီအစဉ်မှာ ယခင်က အမျိုးသားသတင်းတင်ဆက်သူတွေကိုပါ ထည့်သွင်းတင်ဆက်ခဲ့ပါသေးတယ်။ 2007 ခုနှစ်မှ အဆိုပါအစီအစဉ်ကို
ရုပ်သိမ်းခဲ့တာလို့ သိရပါတယ်။

source : thesun.co.uk
Credit:Shwemom


Share on Google Plus

About Myanmar Magazine