ချိန်းတွေ့ရင် လုပ်သင့်တဲ့အချက်နဲ့ မလုပ်သင့်တဲ့ အချက် (၇)ချက်

play

၁ - အတိတ်မှာပဲ မနေနဲ့
play

 မလိုအပ်ဘဲ ကိုယ့်အတိတ်အကြောင်းတွေ တအားမပြောပါနဲ့။
၂ - ချီးကျူးပါ
play

အထူးသဖြင့် မိန်းကလေးတွေလည်း လက်တွဲဖော် ယောကျာ်းလေးဝတ်လာတာတွေ၊ လုပ်လာတဲ့ ပုံလေးတွေကို အသိအမှတ်ပြု ချီးကျူးပေးသင့်ပါတယ်။
၃ - အလွန်အကျွံ မလုပ်နဲ့
ကိုယ့်ချစ်သူနဲ့ တွေ့တာဖြစ်ပါတယ်။ ညစာစားပွဲ တက်တာမဟုတ်ပါဘူး။ တအားကြီးပြင်ဆင်တာမျိုး ရှောင်ပါ။
၎ - အရေးအကြီးဆုံးတွေကို လေ့လာ
ချိန်းတွေတဲ့ အချိန်တိုင်း လက်တွဲဖော်ရဲ့ ကိုယ်ကျင့်တရား အမြင်၊ အနာဂတ်ပေါ် အမြင်နဲ့ ရည်မှန်းချက်တွေကိုလည်း အမြဲတမ်းလေ့လာပါ။
၅ - မရိုင်းနဲ့၊ အရာရာတိုင်းကို မကျေနပ်ကြောင်း မပြောနဲ့
ကိုယ့်လက်တွဲဖော်ရှေ့မှာ လူတစ်ဖက်သားကို အထင်သေးစကားပြောတာ၊ ရိုင်းတာမျိုးတွေ မလုပ်ပါနဲ့။ အရာရာတိုင်းကို မကျေမနပ်ဖြစ်ပြီး တပြစ်တောက်တောက်ပြောနေတာလောက်လည်း စိတ်ပျက်စရာကောင်းတာ မရှိပါဘူး။
၆ - ဂရုစိုက်ပါ
play

မျက်လုံးနဲ့ စကားပြောတာ၊ စကားနဲ့မပြောဘဲ သိစေတဲ့ အပြုအမူတွေဟာ စကားလုံးတွေထက် ပိုထိရောက်ပါတယ်။ ဒီလိုအပြုအမူလေးတွေကို ဂရုစိုက်ပြီး လုပ်ဆောင်ပါ။
၇ - မမောက်ပါနဲ့
ငါပဲသိ ငါပဲတတ်ဆိုရင်  တစ်ယောက်တည်း နေတာ အကောင်းဆုံးပါ။  ကိုယ်တစ်ယောက်တည်း မနေနိုင်လို့ သူနဲ့အတူ တွေ့တာပါ။ အတ္တတွေ ကြီးတာမျိုးကို အထူး သတိထားရှောင်ပါ။
Credit :duwun 

Share on Google Plus

About Myanmar Magazine