Breaking News

အရက်စွဲတော့မယ့် လက္ခဏ (၇) ချက်

play

ငါတို့ကတော့ အရက်သမားမဖြစ်နိုင်ဘူးဆိုပြီး လူတော်တော်များက ပြောကြပါတယ်။ ဒီလိုပြောနေရင်းနဲ့ပဲ အရက် စွဲသွားတတ်ကြပါတယ်။ အောက်ပါအချက်တွေကတော့ အရက်စွဲတော့မယ့်လူတွေရဲ့ လက္ခဏတွေပဲ ဖြစ်ပါတယ်။
(၁) လိမ်တာ
တိတ်တဆိတ်သောက်ပြီး မသောက်ဘူးလို့လိမ်တာ၊ ကိုယ်သောက်ထားတဲ့ ပမာဏကို လိမ်ပြောတာတွေဟာ သိပ်အရေးမကြီးတဲ့ ကိစ္စလို့ ထင်ရပေမဲ့ တချို့လူတွေရဲ့ ပင်ကိုယ်စရိုက်လက္ခဏာတွေအရ အရက်စွဲတော့မယ့်လက္ခဏာပါ။
(၂) စိတ်ဖြေဖို့
စိတ်ညစ်ညူးနေတာတွေ၊ စိတ်မပျော်တာတွေကို လျော့ပါးစေဖို့သောက်တယ်ဆိုရင် အရက်စွဲမယ့်လက္ခဏာပါပဲ။
(၃) လူမှန်းမသိအောင် သောက်တာ
တစ်ခါတစ်လေ ပျော်စရာ ရွှင်စရာရှိလို့သောက်ရင် ကိစ္စမရှိပါ။ ဒါပေမဲ့ ဘာပျော်စရာမှ မရှိဘဲ ခဏခဏ ဒီလိုသောက်နေပြီဆိုရင် သတိထားပါ။ ဒီလောက်သောက်ရတဲ့ အကြောင်းအရင်း သင့်ကိုသင် ပြန်မေးပါ။
play

(၄) မရပ်မနား
တစ်လုံးလောက် အပျင်းပြေသောက်ရင်း၊ အဖော်ကောင်းလို့သောက်ရင်း ရပ်လို့မရလို့ ဆက်သောက်မိတယ်ဆိုတာ ကောင်းတဲ့ လက္ခဏာမဟုတ်ပါ။ အရက်ကို သင်မထိန်းချုပ်နိုင်တော့တဲ့ လက္ခဏာတွေပါ။
(၅) တာဝန်တွေကိုလည်း ဂရုမစိုက်
အိမ်ရဲ့တာဝန်၊ အလုပ်ရဲ့တာဝန်တွေကို အရက်ကြောင့် လစ်လျူရှုမိရင် ဂရုစိုက်ပါ။ ပထမအစမှာ အသေးအဖွဲလေးတွေကနေ ကြီးကြီးမားမားထိ ဖြစ်လာနိုင်ပါတယ်။ ဒီလိုလစ်လျူရှုမိတာတွေ ရှိနေတယ်ဆိုရင် သင်အရက်စွဲတော့မယ့် လက္ခဏာပါပဲ။
play

(၆) အချစ်ရေး၊ အိမ်ထောင်ရေး ထိခိုက်တာ
အပေါ်က တစ်ချက်လိုပါပဲ။ ထိခိုက်တာတွေ ရှိနေရင် သတိထားပါ။
(၇) သောက်နိုင်တာထက် ပိုသောက်လာတာ
ဘီယာတစ်လုံးလောက်ကနေ နှစ်လုံးလောက်သောက်မှ မူးတော့တာ။ နှစ်လုံးလောက်ကနေ နှစ်လုံးခွဲလောက်သောက်မှ မူးတော့တာတွေဟာ သင်အရက်စွဲနေပြီဆိုတဲ့ လက္ခဏာတွေပါ။
** အရက်သောက်နေတာဟာ သင့်ဘဝကိုထိခိုက်နိုင်တယ်၊ သင့်မိသားစု၊ သင့်အသိုင်းအဝိုင်းကို ထိခိုက်နိုင်တယ်ဆိုရင် အရက်ကို ခုအချိန်ကစပြီး သတိထားပါတော့**
Sources: The Ranch
Photo Source: BBC, Huffington Post, US.News, Love Live Health